လွိုင်ကော်မြို့ပေါ်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်များက အဆက်မပြတ် ပစ်ခတ်နေ

လွိုင်ကော်မြို့ပေါ်တွင် ညပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်ရင်းနှင့် စစ်ဆေးရုံအနီး လက်နက်ကြီး  လက်နက်ငယ်များ ပစ်ခတ်

***********

ကရင်နီ(ကယား)ပြည်နယ် ၊ လွိုင်ကော်မြို့ပေါ် ဧက(၅၀၀)ရပ်ကွက်အနီး အခြေစိုက်ထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ရင်းနှင့် စစ်ဆေးရုံအနီး  ၂၀၂၁ ခုနှစ် ဇွန်လ(၂၅)ရက်နေ့ ည (၉) နာရီကျော်ဝန်းကျင်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ၊ ဧက (၅၀၀) ရပ်ကွက်အနီး စစ်ကောင်စီ အခြေစိုက်တပ်ရင်းနှင့် စစ်ဆေးရုံ အနီး လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ဆက်တိုက် ပစ်ခက်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံများ ပြောပြအချက်အရ နှစ်ဖက် ပစ်ခက်နေတာမျိုး ဖြစ်ကြောင်း သိရသည်။ 

ပစ်တာတော့ ဆက်တိုက်ပဲ ပစ်တယ်။ ဘာဖြစ်လို့ ပစ်လဲ တော့မသိဘူး။ လေယာဥ်လည်း ပျံနေတယ် ။ မကြာဘူး ပစ်ခတ်သံတွေ ကြားတော့တာပဲ။ ပစ်သံတွေက မတူဘူး ။ နှစ်ဖက် ပစ်တာမျိူး ဖြစ်နိုင်တယ်

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့ ပေါ်တွင် ယနေ့ည ပစ်ခတ်နေမှုနှင့် ပက်သက်၍ အသေးစိတ်ကို မသိရသေးသော်လည်း အဆက်မပြတ် ပစ်ခတ်သံများကြောင့် ဒေသခံများမှ စိုးရိမ်နေမှုများ ဖြစ်နေကြောင်း သိရသည်။ 

ဇွန်လ (၁၅)ရက်နေ့ကလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်တို့ ယာယီအပစ်ရပ် ထားခဲ့သော်လည်း စစ်ကောင်စီဖက်မှ စစ်အင်အားတိုးချဲ့ခြင်း ကျေးရွာများတွင် တပ်စွဲခြင်း၊ စစ်ရှောင်စခန်းများထိ လိုက်လံ တပ်စွဲခြင်းအပြင် ပစ်ခတ်မှုများပါ ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

VDO: CJ