တာချီလိတ် မြို့ကွက်သစ် အပိုင်း(ဈ)၏ မြေကွက်များကို ပိုင်ရှင်များထံ မကြာမီ ပေးအပ်နိုင်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှာရှိတဲ့ မြို့ကွက်သစ်အပိုင်း(ဈ)မှာ မြေယာပြုပြင်မှုတွေကို လုပ်ဆောင်နေပြီး မြေကွက်ပိုင်ရှင်တွေဆီ နောက် (၃) လ ဝန်းကျင်လောက်မှာ လက်ဝယ်အရောက်အပ်နှံမှုတွေ ဆောင်ရွက်နိုင်မယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မြေကွက်တွေဖော်ဆောင်လို့ရနေပေမယ့် ကျူးကျော်နေထိုင်သူတွေကို တရားစွဲထားမှုတွေရှိနေတဲ့အတွက် ပြီးပြတ်အောင်စောင့်ဆိုင်းနေတာဖြစ်တယ်လို့  ဆိုပါတယ်။ 

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ မြေ (၄၀) ဧကပေါ်မှာ မြေကွက်ပေါင်း (၅၀၀) ကျော်ဖော်ဆောင်ဖို့အတွက် စီစဉ်ထားရှိပေမယ့် ယခင်လုပ်ပိုင်ခွင့်ရရှိထားသူနဲ့ လက်ရှိလုပ်ပိုင့်ခွင့်ရရှိထားသူတို့အကြား တရားရင်ဆိုင်နေရတာကြောင့် (၁၀) နှစ်ကျော်ကြာမြင့်လာတဲ့အထိ လုပ်ဆောင်နိုင်မှုမရှိခဲ့တာဖြစ်ပါတယ်။

Tachileik News Agency

သတင်းတင်ဆက် - ကိုဇောင်း

သတင်းရိုက်ကူး - ဟန်စိုးထိုက်

Ko Zaung is the editor-in-chief of Tachileik News Agency.

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။