တာချီလိတ်မြို့ပေါ် ရေမြောင်း နှင့် ချောင်းများမှာ စည်းကမ်းမဲ့ အမှိုက်များ မပစ်ရန် မေတ္တာရပ်ခံ

တာချီလိတ်မြို့ပေါ် ရေမြောင်း နှင့် ချောင်းများမှာ စည်းကမ်းမဲ့ အမှိုက်များ မပစ်ရန် မေတ္တာရပ်ခံ
သြဂုတ် 26, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ် ရေမြောင်း နှင့် ချောင်းများမှာ စည်းကမ်းမဲ့ အမှိုက်များ မပစ်ရန် မေတ္တာရပ်ခံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်မှာ သြဂုတ်လအတွင်း အဆက်မပြတ်ရွာသွန်းတဲ့မိုးကြောင့် နေရာအများအပြားမှာ ရေကြီးမှုတွေကြုံတွေ့နေရပြီး ရေပြန်ကျချိန်မှာ တောင်ကျရေတွေနဲ့အတူ ပါလာတဲ့ ရွံ့နွံ့တွေက လမ်းမတွေထက်မှာ တင်ကျန်နေတဲ့အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက သန့်ရှင်းမှုတွေ လုပ်ဆောင်ပေးနေပါတယ်။
ရေကြီးရေလျှံတတ်တဲ့ မြောင်းတွေနဲ့ ချောင်းတွေကို လိုက်လံစစ်ဆေးပြီး အမှိုက်တွေဆယ်ယူတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသလို ပြည်သူတွေအနေနဲ့ ချောင်းတွေ မြောင်းတွေထဲကို စည်းကမ်းမဲ့အမှိုက်စွန်ပစ်မှုတွေ မလုပ်သင့်ဘူးလို့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့မှာ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီး ရေလျှံမှုတွေမှာ မြို့နေပြည်သူတွေအနေနဲ့ မိမိတို့နေအိမ်ရှေ့တွေမှာ ရေမြောင်းပေါက်တွေပေါ် ပိတ်ဆို့နေတဲ့အမှိုက်တွေနဲ့ လမ်းမထက်က ရွံ့နွံ့တွေကို ကိုယ်တိုင်ရှင်းလင်းမှုတွေကို လုပ်ဆောင်ခဲ့ကြတာတွေလည်း ရှိပါတယ်
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~