မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၆၀)ကျော် ထပ်တိုး၍ တောင်တွင်းကြီးမြို့နယ်အား Stay at Home အဖြစ် (၇)ရက် ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၆၀)ကျော် ထပ်တိုး၍ တောင်တွင်းကြီးမြို့နယ်အား Stay at Home အဖြစ် (၇)ရက် ထပ်တိုး
ဒီဇင်ဘာ 14, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၆၀)ကျော် ထပ်တိုး၍ တောင်တွင်းကြီးမြို့နယ်အား Stay at Home အဖြစ် (၇)ရက် ထပ်တိုး
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(၁၃)ရက်နေ့ တစ်နေ့တည်း အသစ်ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ (၆၂)ဦးရှိပြီး ထိတွေ့ကူးစက်မှုများရှိနေသည့်အတွက်  တောင်တွင်းကြီးမြို့နယ်အား Stay at Home အဖြစ် ရပ်ထပ်တိုးမြှင့်လိုက်ကြောင်း သိရသည်။
“ဒီဇင်ဘာ(၁၃)ရက် မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၆၂)ဦး ထပ်တိုး တွေ့ရှိရတာမှာ ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့ ကူးစက်ခံရသူက (၄၉)ဦးထိ ပါရှိပြီး အနံ့ပျောက်လက္ခဏာပြသူ (၄)ဦး၊ ယာဉ်မောင်း (၄)ဦးနဲ့ ကျန်တာက ခရီးသွားရာဇဝင်ရှိတဲ့ Quarantine ဝင်နေသူတွေပါ။ ပိုးတွေ့လူနာနဲ့ ထိတွေ့ကူးစက်မှုများနေတဲ့ တောင်တွင်းကြီးမြို့ကိုလည်း Stay at Home ရက် (၇)ရက်ထပ်တိုးသတ်မှတ်လိုက်ပါတယ်”  ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်တွင်းကြီးမြို့တွင် ဒေသတွင်း ကူးစက်မှုများပြားလာနေသဖြင့် ဒီဇင်ဘာလ ( ၈ )ရက်နေ့မှ (၁၄) ရက်နေ့အထိ ( ၇ )ရက်တိတိ  မိမိအိမ်တွင်သာ နေထိုင်ရန် Stay At Home အမိန့်ထုတ်ပြန် ကြေညာပြီးသည့်နောက် ဒေသတွင်းကူးစက်ပြန့်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဒီဇင်ဘာလ(၂၁)ရက်နေ့အထိ Stay At Home (၇) ရက် ဆက်လက်တိုးမြှင့်လိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အမိန့်ကြေညာစာအမှတ် (၃/၂၀၂၀)ဖြင့် ထပ်မံ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၁၃)ရက်နေ့တွင် ထုတ်ပြန်သည့် RDT နှင့် NHL results တို့အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ အောင်လံ (၂၁)ဦး၊ နတ်မောက် (၁၀)ဦး၊ ဂန့်ဂေါ (၁)ဦး၊ မကွေး (၈)ဦး၊ ပေါက် (၁)ဦး၊ စလင်း (၄)ဦး၊ ပခုက္ကူ (၂)ဦး၊ ချောက် (၅)ဦး၊  မင်းဘူး (၉)ဦး၊ မြိုင် (၁)ဦးတို့ဖြစ်ကြောင်း သိရပြီး တိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ(၁၃)ရက် ည (၇)နာရီခွဲ အချိန်ထိ တိုင်းအတွင်း ပိုးတွေ့လူနာ စုစုပေါင်း (၁၈၈၂)ဦးအထိရှိလာပြီး သေဆုံးသူမှာလည်း ( ၄)ဦးအထိ ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - Si Phyo Thu
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~