မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသည့် မိန်းကလေးတစ်ဦးအား ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် တောင်ကြီးသို့ ပို့စစ်ရာမှ Covid-19 ပိုးတွေ့

မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသည့် မိန်းကလေးတစ်ဦးအား ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် တောင်ကြီးသို့ ပို့စစ်ရာမှ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသည့် မိန်းကလေးတစ်ဦးအား  ပထမအကြိမ်စစ်ဆေးရာ ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် တောင်ကြီးသို့ ပို့စစ်ရာမှ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် တာချီလိတ်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁) ဦးအား ပထမအကြိမ် စစ်ဆေးရာ ပိုးမတွေ့သော်လည်း တောင်ကြီးသို့ ပို့စစ်ရာမှ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် မိုင်းယောင်း၌ အတည်ပြုလူနာ (၉) ဦးရှိလာပြီဖြစ်သည်။
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာလ (၄) ရက်နေ့မှစ၍ အတည်ပြုလူနာစတင်တွေ့လာရပြီး ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ (၉)ဦးရှိလာသည့်အနက် (၆)ဦးမှာ တာချီလိတ်မှ ပြန်လာသူများဖြစ်သည်။
ကျန်အတည်ပြုလူနာ (၃)ဦးမှာ တာချီလိတ်မှ ပြန်လာသူများစီးနင်းလာသည့် မော်တော်ယာဉ်မှ ယာဉ်နောက်လိုက်၊ အတည်ပြုလူနာ၏ မိသားစုဝင် (၂)ဦးတို့ဖြစ်ပြီး အသက် (၆၀)အရွယ် အမျိုးသားလူနာတစ်ဦး ပါဝင်သည်။
တာချီလိတ်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများအား ဒီဇင်ဘာလ (၄)ရက်နေ့က RDT ဖြင့် စစ်ဆေးမှုအတွင်း အမျိုးသမီး (၃)ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရသဖြင့် ကုသဆောင်သို့ ပို့ထားပြီး ကျန် Negative အဖြေရသူများအား အသွားအလာ ဆက်လက်ကန့်သတ်ထားပြီး PCR နည်းဖြင့် ဒုတိယအကြိမ်စစ်ဆေးရာ ပိုးတွေ့သူ(၁)ဦး ထပ်တိုးလာခြင်းဖြစ်သည်။
မိုင်းယောင်းမြို့တွင် အတည်ပြုလူနာများအား ဝမ်ဇလီလော် မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်တွင် ဖွင့်လှစ်ထားသည့် COVID 19 ကုသဆောင်၌ သီးသန့်ထားရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ဒီဇင်ဘာလ (၆)ရက်နေ့မှစ၍ ဒေသတွင်းကူးစက်မှုအဖြစ် အတည်ပြုလူနာ (၃)ဦးတွေ့ထားသဖြင့် မိမိကိုယ်ကို သံသယရှိသူများ လာရောက်စစ်ဆေးနိုင်ရန် Fever Clinic ကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်သည်။
ဒေသတွင်းကူးစက်မှုရှိနေ၍ အပြင်ထွက်တိုင်း Mask ကို နှာခေါင်း၊ ပါးစပ်ဖုံးအုပ်ဝတ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ ဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့်ကူးစက်နိုင်၍ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှနေထိုင်သွားလာ ပြောဆိုဆက်ဆံခြင်းဖြင့် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက အကြံပြုထားသည်။

 Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~