မိုင်းယောင်းမြို့တွင် (၉)ဦးမြောက် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ကုသဆောင်၌ (၁)ဦးသာ ကျန်ရှိ

မိုင်းယောင်းမြို့တွင် (၉)ဦးမြောက် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ကုသဆောင်၌ (၁)ဦးသာ ကျန်ရှိ
ဒီဇင်ဘာ 23, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် (၉)ဦးမြောက် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ကုသဆောင်၌ (၁)ဦးသာ ကျန်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ COVID 19 ကုသရေးစင်တာတွင် ကုသပေးနေသည့် အတည်ပြုလူနာ (၁) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်၌ အတည်ပြုလူနာ (၁)ဦးသာ ကျန်ရှိသည်။
ဆေးရုံဆင်းခွင့်ရ အတည်ပြုလူနာမှာ နေအိမ်တွင် (၇) ရက်အသွား အလာကန့်သတ်နေထိုင်ပြီးမှ ပုံမှန်အတိုင်း သွားလာနေထိုင်ရမည်ဖြစ်သည်။
မိုင်းယောင်းတွင် COVID 19  အတည်ပြုလူနာ (၁၀) ဦးရှိတွေ့ရှိထားသည့်အနက် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် (၃) ဦး၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် (၂) ဦး၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် (၂) ဦး၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် (၁)ဦးနှင့် ဒီဇင်ဘာလ (၂၃)ရက်နေ့၌ (၁) ဦးတို့ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။
ဆေးရုံဆင်းလူနာအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က လူနာအား မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသည်။
Tachileik News Agency
သတင်း - နန်းစီဖေါင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~