မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ နေအိမ်ခြံဝန်းအတွင် အသံမိုင်းတစ်လုံး ပစ်တင်ခံရ

မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ နေအိမ်ခြံဝန်းအတွင် အသံမိုင်းတစ်လုံး ပစ်တင်ခံရ
နိုဝင်ဘာ 26, 2020
By Tachileik News Agency
မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ နေအိမ်ခြံဝန်းအတွင် အသံမိုင်းတစ်လုံး ပစ်တင်ခံရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏နေအိမ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ ညက အသံမိုင်း လာပစ်သူ (၂)ဦး၏ ပုံရိပ်ကို လုံခြုံရေးကင်မရာမှတ်တမ်းမှ ရရှိထား၍ ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်နေကြောင်း သိရသည်။
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၁) လမ်း၊ အိမ်အမှတ် ( စစ/ ၁၀ ) ရှိ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်၏နေအိမ်ခြံဝန်းအတွင်း ကင်းသမားစောင့်သည့်အဆောက်အဦ၏ ခေါင်မိုးပေသို့ ည (၈)နာရီ မိနစ် (၂၀)ဝန်းကျင်က အသံမိုင်းတစ်လုံး ပစ်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ ရမခ လက်အောက်ခံ ခလရ ( ၆၇ )နှင့် ခလရ ( ၄၅ ) တို့က သွားရောက်စစ်ဆေးထားပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရသူမရှိဘဲ အဆောက်အဦအနည်းငယ် ပျက်စီးသွားကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားရာဝန်းကျင်မှ လုံခြုံရေးကင်မရာများ၏ မှတ်တမ်းအကူအညီဖြင့် ရှာဖွေရာ အမျိုးသား (၂)ဦးက လိုင်စင်မပါသည့် ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်တင်သွားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်ကို အသံမိုင်းဖြင့်လာပစ်သူများအား မူဆယ်မြို့မရဲစခန်းတွင် ( ပ ) ၇၅၁/ ၂၀၂၀၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ဈ) ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ကိုပြည့်စုံ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~