တာချီလိတ် quarantine center ရှိ ထိုင်းနိုင်ငံမှ ဝင်လာသူ (၁၄၀)အား စစ်ဆေးရာ COVID 19 ပိုးမတွေ့

တာချီလိတ် quarantine center ရှိ ထိုင်းနိုင်ငံမှ ဝင်လာသူ (၁၄၀)အား စစ်ဆေးရာ COVID 19 ပိုးမတွေ့
နိုဝင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ် quarantine center ရှိ ထိုင်းနိုင်ငံမှ ဝင်လာသူ (၁၄၀)အား စစ်ဆေးရာ COVID 19 ပိုးမတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသည့် ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၄၀) ဦးအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ နေလယ်ပိုင်းတွင် RDT ဖြင့်စစ်ဆေးရာ COVID 19 ပိုးမတွေ့ရကြောင်း အဖြေရရှိထားသည်။
အဆိုပါ မြန်မာနိုင်ငံသား (၁၄၀)ဦးမှာ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်သက်တမ်းကျော်လွန်ခြင်းကဲ့သို့ လူဝင်မှုကြီးကြပ်ရေးဥပဒေများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံရပြီးနောက် နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်အရ နယ်စပ်မြို့ တာချီလိတ်သို့ လွှဲပြောင်းပေးလာခြင်းဖြစ်သည်။
ယင်းကဲ့သို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ ပြန်လွှဲလာသူများကို နယ်စပ်မြို့များတွင် အသွားအလာကန့်သတ်၍ COVID 19 စစ်ဆေးပြီးမှ သက်ဆိုင်ရာနေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်နေခြင်းဖြစ်သည်။
မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center မှ ကလေး(၆)ဦးအပါအဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း (၁၄၀)ဦးတို့အား COVID 19 စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။ 
သတင်း၊ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~