မကွေးမြို့တွင် ဆန္ဒမဲပေးသူများ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်းရန် လိုက်နာမှု အားနည်း

မကွေးမြို့တွင် ဆန္ဒမဲပေးသူများ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်းရန် လိုက်နာမှု အားနည်း
နိုဝင်ဘာ 8, 2020
By Tachileik News Agency
မကွေးမြို့တွင် ဆန္ဒမဲပေးသူများ သတ်မှတ်အကွာအဝေးဖြင့် တန်းစီစောင့်ဆိုင်းရန် လိုက်နာမှု အားနည်း
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ မဲဆန္ဒရှင် နှစ်သိန်းကျော်က မဲရုံပေါင်း (၂၆၃)ရုံ၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ဆန္ဒမဲ ပေးနေကြပြီဖြစ်ပြီး မဲရုံများ၌ COVID 19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ရန် ကြိုးစားသော်လည်း သတ်မှတ်အကွာအဝေးဖြင့် စောင့်ဆိုင်းရန် လိုက်နာမှု အားနည်းသည်ကို တွေ့ရသည်။
မဲရုံအားလုံးသို့ KN 95 Mask များဖြန့်ဝေပေးထားပြီး မဲရုံလာသူတိုင်းကို ၎င်းတို့တပ်ဆင်လာသည့် Mask များအား KN 95 Mask များဖြင့် လဲလှယ်တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ကို Hand Gel ဖြင့် ပိုးသတ်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းများဖြင့် COVID 19 ကာကွယ်ရန် စီစဉ်ပေးထားခြင်းဖြစ်သော်လည်း (၆)ပေအကွာမှ တန်းစီခြင်းအား လိုက်နာမှုအားနည်းကြောင်း တွေ့ရသည်။
မကွေးမြို့နယ်တွင် မဲရုံပေါင်း (၂၆၃)ရုံ၌ မဲဆန္ဒရှင် (၂၃၀,၀၀၀)ကျော် မဲပေးကြမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးတွင် နိုဝင်ဘာ(၇)ရက် နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာစုစုပေါင်း (၇၆၄) ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း- ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~