တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများအလိုက် Lockdown သတ်မှတ်ခြင်းကို မိမိကျေးရွာအစီအစဉ်ဖြင့် နိုဝင်ဘာလ(၂၉)ရက်နေ့က စ၍ ဆောင်ရွက်နိုင်

တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများအလိုက် Lockdown သတ်မှတ်ခြင်းကို မိမိကျေးရွာအစီအစဉ်ဖြင့် နိုဝင်ဘာလ(၂၉)ရက်နေ့က စ၍ ဆောင်ရွက်နိုင်
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများအလိုက် Lockdown သတ်မှတ်ခြင်းကို မိမိကျေးရွာအစီအစဉ်ဖြင့် နိုဝင်ဘာလ(၂၉)ရက်နေ့က စ၍ ဆောင်ရွက်နိုင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ဖြစ်ပွားမှုတိုးလာနေသဖြင့် ကျေးရွာများအလိုက် lockdown ချခြင်းများကို မိမိကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့က စ၍  စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ခရိုင်ကိုဗစ်က ညွှန်ကြားလို့ ကျေးရွာအုပ်စုတွေအားလုံး ကိုယ့်ရွာနဲ့ကိုယ် lockdown လုပ်တာမှာ ပြည်သူ့ဆောက်လုပ်ရေးလမ်းတွေ၊ ကျေးလက်လမ်းတွေ၊ အများပြည်သူပိုင် ရွာချင်းဆက်လမ်းတွေ အဲဒါတွေကိုတော့ ပိတ်လို့မရဘူး။ ကိုယ့်ရွာအဝင်လမ်းတွေကို ပိတ်မယ်ဆိုရင်တော့ lockdown လုပ်လို့ရတယ်လို့ ညွှန်ကြားထားတာပါ၊ မြို့ပေါ်ကတော့ ရောဂါဖြစ်တဲ့ နေရာတွေကိုပဲ lockdown လုပ်တာပါ”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၉) ရက်နေ့တစ်နေ့အတွင်း အတည်ပြုလူနာ (၁၀) ဦးထပ်တိုးပြီး စုစုပေါင်း အတည်ပြုလူနာ (၂၂) ဦးအထိ ရှိလာနေပြီး တာချီလိတ်မြို့တွင်း ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၁)ခုတို့၌ ပိုးတွေ့လူနာများ တွေ့ရှိထားခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မလိုအပ်ဘဲ အပြင်သွားလာခြင်းမပြုရန်၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရန်နှင့် လူစုလူဝေးပွဲလမ်းသဘင်များ လုံးဝလုပ်ဆောင်ခြင်းမပြုရန် အသိပေးထားပြီး COVID 19 သံသယလက္ခဏာများတွေ့ရပါက ကျေးရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် ကျန်းမာရေးဌာနသို့ သတင်းပို့ကြရန် အသိပေးထားသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~