လာအိုဘက်သို့ တာချီလိတ်ဘက်မှ ခိုးဝင်သူများ တားဆီးရေး လာအိုရဲနှင့်တပ်ပူးပေါင်းဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေးဖြင့် ဆုံးဖြတ်

လာအိုဘက်သို့ တာချီလိတ်ဘက်မှ ခိုးဝင်သူများ တားဆီးရေး လာအိုရဲနှင့်တပ်ပူးပေါင်းဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေးဖြင့် ဆုံးဖြတ်
နိုဝင်ဘာ 30, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်သို့ တာချီလိတ်ဘက်မှ ခိုးဝင်သူများ တားဆီးရေး လာအိုရဲနှင့်တပ်ပူးပေါင်းဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေးဖြင့် ဆုံးဖြတ်
COVID 19 အတည်ပြုလူနာတိုးလာနေသည့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ဘက်မှနေ၍ လာအိုဘက်ကမ်းသို့ ခိုးဝင်လာမှုများကို လာအိုနိုင်ငံ၏ တပ်နှင့်ရဲတို့မှ ပူးပေါင်းတားဆီးသွားရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့၌ ကျင်းပသည့် ခရိုင်အဆင့် အရေးပေါ်အစည်းအဝေးဖြင့် ဆုံးဖြတ်ထားကြောင်း သိရသည်။
" နယ်စပ်ဒေသမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကို တာဝန်ပေးပြီးတော့  ဘိုကျောက်ခရိုင်နယ်စပ်တလျှောက် မြန်မာနယ်စပ်ဘက်ရော၊ ထိုင်းနယ်စပ်ဘက်ရော သေချာစောင့်ကြည့်ဖို့ ဆုံးဖြတ်တယ်။ ခုတလော ခိုးဝင်တဲ့လူက နည်းနည်းများလာတယ်။ တရုတ်တွေရော၊ မြန်မာတွေရောရှိနေလို့။ဒီနေ့ အစည်းအဝေးက ရွှေတြိဂံကာစီနိုဘက်က မပါဘူး။ ခရိုင်ကော်မတီအစည်းအဝေးပဲ။ ဒီဘက်မှာ ကိုဗစ်ကို ဘယ်လိုကာကွယ်ကြမလဲ စီစဉ်ကြတယ်။"ဟု လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။
မြန်မာနိုင်ငံ တာချီလိတ်ခရိုင်နှင့် မဲခေါင်မြစ်ခြားထားသည့် လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်အတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့် ကာစီနိုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း မြန်မာနိုင်ငံသားများ သွားရောက် အလုပ် လုပ်ကိုင်နေကြပြီး COVID 19 ကာလအတွင်း နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်အား ပိတ်ထားသော်လည်း ခိုးဝင်မှုများရှိနေ၍ ဘိုကျောက်ခရိုင်ကော်မတီက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၌ အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၃၀)ရက်နေ့အထိ အတည်ပြုလူနာ (၃၄)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~