တာချီလိတ်မြို့နယ်အတွင်း မဲရုံ (၇၀)သို့ မဲလက်မှတ်များ အချိန်ကိုက် လုံခြုံစွာပို့ဆောင်နိုင်ရေး ဆောင်ရွက်ထား

တာချီလိတ်မြို့နယ်အတွင်း မဲရုံ (၇၀)သို့ မဲလက်မှတ်များ အချိန်ကိုက် လုံခြုံစွာပို့ဆောင်နိုင်ရေး ဆောင်ရွက်ထား
နိုဝင်ဘာ 5, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲရုံ (၇၀)သို့ မဲလက်မှတ်များ အချိန်ကိုက် လုံခြုံစွာပို့ဆောင်နိုင်ရေး ဆောင်ရွက်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံ (၇၀)တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ဆန္ဒမဲများအချိန်ကိုက်ရောက်ရှိရေးနှင့် ဆန္ဒမဲများ အချိန်ကိုက် ပြန်လည်သိမ်းဆည်းရေးအတွက် လုံခြုံရေးအစီအစဉ်များကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်နေကြသည်။
“အဓိက စစ်ဆေးတာတော့ မဲရုံအတွင်းစည်းလုံခြုံရေး၊ အပြင်စည်းကြည့်ပါတယ်။ အဝေးစည်းကြည့်ပါတယ်။ လူပုဂ္ဂိုလ်လုံခြုံရေးကြည့်ပါတယ်။ မဲလက်မှတ်တွေရဲ့ လုံခြုံရေးကြည့်ပါတယ်။ တာလေ၊ ကျိုက်လတ်အထိသွားပြီးတော့ မဲလက်မှတ်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ၊ နောက်တစ်ခုက တာချီလိတ်အတွင်းက အဝေးဆုံး (၃) ရုံပေါ့။ လွယ်တော်ခမ်းက ရေပူစမ်းက (၁) ရုံ၊ ဟွေလန်းတို့ ပါဆန်းတို့ မိုင်းကိုးကျေးရွာအုပ်စုက လမ်းကြောင်းတွေကြည့်ပြီး လုံခြုံရေးကိစ္စတွေလည်း ဆောင်ရွက်ခဲ့ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံဖွင့်ချိန်အမီ မဲလက်မှတ်များထုတ်ပေးနိုင်ရန်နှင့် မဲရုံများမှ မဲလက်များ အချိန်မီပြန်လည်ပို့ဆောင်နိုင်ရန်အတွက် နယ်မြေဇုန်များ အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း တာလေ၊ ကျိုင်းလပ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုများအထိ အချိန်မီရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ဆန္ဒမဲလက်မှတ်များကို သယ်ယူပို့ဆောင်ရာ လမ်းကြောင်းလုံခြုံရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~