ချောက်မြို့နယ်တွင် ရေနံတွင်း ပြုပြင်နေစဉ် မီးလောင်မှုဖြစ်ပွား

ချောက်မြို့နယ်တွင် ရေနံတွင်း ပြုပြင်နေစဉ် မီးလောင်မှုဖြစ်ပွား
နိုဝင်ဘာ 20, 2020
By Tachileik News Agency
ချောက်မြို့နယ်တွင် ရေနံတွင်း ပြုပြင်နေစဉ် မီးလောင်မှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အမှတ်(၁)နယ်မြေ၊ ကျောက်တဲရပ်ရှိ ရေနံတွင်းအမှတ်(၁၂၀၆) အား နိုဝင်ဘာ(၂၀)ရက် မွန်းလွဲ(၂)နာရီ(၄၅)မိနစ်အချိန်ခန့်က ပြုပြင်နေစဉ် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
“ရေနံတွင်းဆိုတော့ ရေနံနဲ့အတူ ဂက်စ်တွေပါလာတတ်တယ်လေ။ ပန့်ဝါယာက Spark ရိုက်ပြီး ဂက်စ် ကိုလောင်တော့ အမြင့်(၁၅)ပေလောက်အထိ မီးတောက်ဖြစ်သွားတာ။ လူနဲ့ တိရိစ္ဆာန်ထိခိုက်သေဆုံးမှု မရှိပါဘူး”ဟု မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
တစ်ရက်လျှင် ရေနံ (၈)စည်ခန့် ထွက်ရှိသည် တွင်းအမှတ် (၁၂၀၆)တွင် ဖယောင်းပိတ်ဆို့နေသဖြင့် GOLD PETRO ကုမ္ပဏီပိုင် (XJ -1) တွင်း ပြုပြင်ယာဉ်ဖြင့် GOLD PETRO တွင်း တာဝန်ခံ ဦးနေလင်းအောင် ဦးဆောင်သော ဝန်ထမ်း(၆)ဦးမှ ပိုက်တင်မခြင်းလုပ်ငန်းဖြင့် Cellar ကျင်းအတွင်း လျှံနေသည့် ရေနံများအား ရေမြှုပ်ပန့်နှင့်စုပ်ယူစဉ် ၎င်းပန့်ရှိဝါယာမှ Spark ဖြစ်၍ မီးစတင်လောင်ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ချောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး အောင်ကျော်မိုး ဦးဆောင်သည့် (၁၆)ဦးတို့ က မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် သွားရောက်ခဲ့ပြီး ရေနံမီးသတ်တာ ဝန်ခံ ဦးကြည်မိုး ဦးဆောင်သည့် (၁၀)ဦးတို့က မီးသတ်ယာဉ်(၁)စီး၊ အရန်မီးသတ် ဒုတပ်ရင်းမှူး ဦးဝင်းတင်ပါ (၇)ဦးတို့က အရန်မီးသတ်လူနာတင်ယာဉ်(၁)စီး၊ ဥတ္တရလူမှုကူညီရေးအသင်းမှ လူနာ တင်ယာဉ်(၁)စီး၊ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း ပါ(၃)ဦး၊ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူ ရဲမှူးစိုးစိုး ပါ(၁၄)ဦး တို့ ရောက်ရှိကြပြီး foam ဆေးရည်ဂါလံ(၁၅)ဂါလံ၊ ရေဂါလံ (၂၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် တာယာ (၆)လုံး မီးဟပ်ခံရခြင်းသာရှိခဲ့ကာ လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံး မှုမရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~