တာခ်ီလိတ္တြင္ လက္နက္မႈျဖင့္ဖမ္းဆီးခံရသည့္ ထိုင္းႏိုင္ငံသားနွစ္ဦး လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ က်ဳိင္းတံုအက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ ထိုင္းႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္း

တာခ်ီလိတ္တြင္ လက္နက္မႈျဖင့္ဖမ္းဆီးခံရသည့္ ထိုင္းႏိုင္ငံသားနွစ္ဦး လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ က်ဳိင္းတံုအက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ ထိုင္းႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္း
ဧပြီ 18, 2019
By Tachileik News Agency

ျမန္မာႏွစ္ဆန္း (၁) ရက္ေန႔ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၇) ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ က်ိဳင္းတံုအက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာသည့္ ထိုင္းႏိုင္ငံသား (၂) ဦးကို ဧၿပီလ (၁၈) ရက္ေန႔ ညေန(၃) နာရီ၀န္းက်င္တြင္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားမွတဆင့္ ထိုင္းႏိုင္ငံတာ၀န္ရိွသူမ်ားထံ လႊဲေျပာင္းေပးလိုက္ေၾကာင္းႏွင့္ ၎တို႔သည္ တာခ်ီလိတ္၌ လက္နက္မႈျဖင့္ ဖမ္းဆီးခံရသူမ်ားျဖစ္ေၾကာင္း သိရသည္။

ရာဇ၀တ္က်င့္ထံုးဥပေဒပုဒ္မ-က်င့္ ၄၀၁ ပုဒ္မခြဲ (၁) အရ စည္းကမ္းသက္မွတ္ခ်က္မထားပဲ ျပစ္ဒဏ္မွလြတ္ၿငိမ္းသက္သာခြင့္ရရွိခဲ့သည့္ က်ဳိင္းတံုအက်ဥ္းေထာင္မွ ထိုင္းႏိုင္ငံသား(၂)ဦးသည္ ထိုင္းႏိုင္ငံမွ အလိုရွိေနသည့္ မူးယစ္တရားခံေျပးမ်ားျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၁)ရက္ေန႔ ညေန(၅)နာရီ အခ်ိန္က အဆိုပါ ထိုင္းႏိုင္ငံသား Mr.Suberk ႏွင့္ Mr.Nai Jai တို႔ (၂)ဦး အပါအ၀င္ ထိုင္းႏုိင္ငံသား(၄)ဦး ႏွင့္ ျမန္မာႏုိင္ငံသားႏွစ္ဦးတို႔အား ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ၎တို႔ထံက Colts(.45 Automatic Caliber) အမ်ဳိးအစား CU33092 နံပါတ္ပါ ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္အိမ္တစ္ခု၊ က်ည္ (၁၀) ေတာင့္၊ Colts(.45 Automatic Caliber) အမ်ဳိးအစား CU33092 နံပါတ္ပါ ပစၥတိုေသနတ္တစ္လက္ႏွင့္ က်ည္အိမ္တစ္ခု၊ က်ည္ (၁၀) ေတာင့္၊ Pietro Beretta(PB) အမ်ဳိးအစား 1182673Z နံပါတ္ပါ ပစၥတိုေသနတ္ တစ္လက္၊ က်ည္အိမ္(၁)ခု၊ 9MM Luger က်ည္ (၁၂) ေတာင့္ႏွင့္ Pietro Beretta(PB) အမ်ဳိးအစား G25320Z နံပါတ္ပါပစၥတိုေသနတ္ (၁) လက္၊ က်ည္အိမ္ (၁) ခု၊ 9 MM Luger က်ည္ (၁၂) ေတာင့္တို႔အား ရွာေဖြေတြ႔ရွိရ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္  (ပ)၄၄၅/၂၀၁၈ ႐ွမ္းျပည္နယ္လက္နက္အမိန္႔အပိုဒ္ ၁၂(က)အရ အမႈဖြင့္ စစ္ေဆးၿပီး ထုိင္းႏုိင္ငံသား (၄)ဦးကို လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ထဲမွာ အဆိုပါထိုင္းႏုိင္ငံသားႏွစ္ဦးသည္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၇) ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လႊတ္ေျမာက္လာသူမ်ားျဖစ္သည္။

"ဖမ္းမိတာ သိပ္မၾကာေသးဘူး။ တရားမ၀င္ ၀င္ေရာက္မႈရယ္ လက္နက္ကိုင္ေဆာင္မႈရယ္နဲ႔ တာခ်ီလိတ္ခရိုင္တရားရံုးမွာ စြဲတာ"ဟု ဖမ္းဆီးမႈတြင္ ပါ၀င္ခဲ့သည့္ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

အဆိုပါ ထိုင္းႏိုင္ငံသားႏွစ္ဦးအား ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၈)ရက္ေန႔ ညေန(၃) နာရီ၀န္းက်င္က ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား(၁)တြင္ ထိုင္းတာ၀န္ရွိသူမ်ားထံ လႊဲေျပာင္းေပးအပ္ရာတြင္  ျမန္မာႏိုင္ငံဘက္မွ လ၀က ဌာနခြဲ (၆) တာခ်ီလိတ္မွ ဌာနခြဲမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမာကု၊ ၿမိဳ႕နယ္လ၀ကဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးတို႔မွ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ခ်င္းရိုင္းခရိုင္ လ၀ကရဲမွဴးႀကီး ခ်တ္ခ်ိဳင္းစမ္းနင္းယန္း၊ တံတားလ၀ကဦးစီး စုမ္းဆတ္ပါကီးယန္းႏွင့္ နယ္ျခားေကာ္မတီ(မယ္ဆိုင္)TBC အရာခံဗိုလ္ ခ်နာ့ခ်ိဳင္းတို႔က လက္ခံခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ လြတ္ၿငိမ္းသက္သာခြင့္ျပဳ ျမန္မာႏုိင္ငံအတြင္းရွိ အက်ဥ္းေထာင္မ်ားမွ လႊတ္ၿငိမ္းသက္သာခြင့္ရရွိသည့္ ႏိုင္ငံျခားသား (၁၆) ဦးတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုအက်ဥ္းေထာင္မွ ထုိင္းႏိုင္ငံသား(၂)ဦး ႏွင့္ တရုတ္ႏုိင္ငံသား(၁)ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနှစ်ဆန်း (၁) ရက်နေ့ ၂၀၁၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသား (၂) ဦးကို ဧပြီလ (၁၈) ရက်နေ့ ညနေ(၃) နာရီဝန်းကျင်တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှတဆင့် ထိုင်းနိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ကြောင်းနှင့်၎င်းတို့သည် တာချီလိတ်၌ လက်နက်မှုဖြင့် ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-ကျင့် ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသက်မှတ်ချက်မထားပဲ ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သည့် ကျိုင်းတုံအကျဉ်းထောင်မှ ထိုင်းနိုင်ငံသား(၂)ဦးသည် ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်တရားခံပြေးများဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညနေ(၅)နာရီ အချိန်က အဆိုပါ ထိုင်းနိုင်ငံသား Mr.Suberk နှင့် Mr.Nai Jai တို့ (၂)ဦး အပါအဝင် ထိုင်းနိုင်ငံသား(၄)ဦး နှင့် မြန်မာနိုင်ငံသားနှစ်ဦးတို့အား ဖမ်းဆီးရမိခြင်းဖြစ်ပြီး၎င်းတို့ထံက Colts(.45 Automatic Caliber) အမျိုးအစား CU33092 နံပါတ်ပါ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ ကျည် (၁၀) တောင့်၊ Colts(.45 Automatic Caliber) အမျိုးအစား CU33092 နံပါတ်ပါ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ ကျည် (၁၀) တောင့်၊ Pietro Beretta(PB) အမျိုးအစား 1182673Z နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်(၁)ခု၊ 9MM Luger ကျည် (၁၂) တောင့်နှင့် Pietro Beretta(PB) အမျိုးအစား G25320Z နံပါတ်ပါပစ္စတိုသေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ 9 MM Luger ကျည် (၁၂) တောင့်တို့အား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄၅/၂၀၁၈ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)အရ အမှုဖွင့် စစ်ဆေးပြီး ထိုင်းနိုင်ငံသား (၄)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ထဲမှာ အဆိုပါထိုင်းနိုင်ငံသားနှစ်ဦးသည် ၂၀၁၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်မြောက်လာသူများဖြစ်သည်။

"ဖမ်းမိတာ သိပ်မကြာသေးဘူး။ တရားမဝင် ဝင်ရောက်မှုရယ် လက်နက်ကိုင်ဆောင်မှုရယ်နဲ့ တာချီလိတ်ခရိုင်တရားရုံးမှာ စွဲတာ"ဟု ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသားနှစ်ဦးအား ၂၀၁၉ခုနှစ် ဧပြီလ(၁၈)ရက်နေ့ ညနေ(၃) နာရီဝန်းကျင်က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ရာတွင် မြန်မာနိုင်ငံဘက်မှ လဝက ဌာနခွဲ (၆) တာချီလိတ်မှ ဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမာကု၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ် နှင့် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးတို့မှ လွှဲပြောင်းပေးအပ်ခဲ့ပြီး ချင်းရိုင်းခရိုင် လဝကရဲမှူးကြီး ချတ်ချိုင်းစမ်းနင်းယန်း၊ တံတားလဝကဦးစီး စုမ်းဆတ်ပါကီးယန်းနှင့် နယ်ခြားကော်မတီ(မယ်ဆိုင်)TBC အရာခံဗိုလ် ချနာ့ချိုင်းတို့က လက်ခံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြု မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ လွှတ်ငြိမ်းသက်သာခွင့်ရရှိသည့် နိုင်ငံခြားသား (၁၆) ဦးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံအကျဉ်းထောင်မှ ထိုင်းနိုင်ငံသား(၂)ဦး နှင့် တရုတ်နိုင်ငံသား(၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net