ကြိုတင်ဆန္ဒမဲပေးချိန်တွေမှာ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့အတွက် စီမံ

ကြိုတင်ဆန္ဒမဲပေးချိန်တွေမှာ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့အတွက် စီမံ
နိုဝင်ဘာ 5, 2020
By Tachileik News Agency

 

ကြိုတင်ဆန္ဒမဲပေးချိန်တွေမှာ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့အတွက် စီမံ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းက မဲရုံတွေမှာ ကြိုတင်ဆန္ဒမဲပေးချိန်တွေမှာ အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ရပ်/ကျေးကော်မရှင်အတွင်းရေးမှူးတွေအနေနဲ့ မဲရုံတွေရဲ့ကြိုတင်အစီအမံတွေ တစ်ရက်ကြိုတင်သတင်းပေးဖို့ ညွှန်ကြားထားတယ်လို့ တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက ပြောပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့မှာ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ မဲရုံမှာ  တာဝန်ကျတဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက မဲလာပေးသူတွေကို မဲလက်မှတ်ပေါ်က ပါတီတစ်ခုရဲ့နေရာမှာ UEC တံဆိပ်တုံးထုဖို့ ပြောကြားနေတယ်လို့ တိုင်ကြားလာတဲ့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကသွားရောက်ဖြေရှင်းပေးရာမှာ ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ကြိုတင်ဆန္ဒမဲလာပေးတဲ့ တိုင်းရင်းသားအချို့က မဲပေးနည်းစနစ် မသိတဲ့အတွက် လာရောက်မေးမြန်းတာကြောင့် ဖြေကြားပေးတာဖြစ်ပြီး ဆန္ဒပြုခန်းအနီး သွားရောက်မှု မရှိတဲ့အကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။၊
၂၀၂၀ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့ကလည်း ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးမဲရုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကြိုတင်ဆန္ဒမဲ (၄) မဲကို တစ်ယောက်တည်းထည့်သွင်းခဲ့တယ်လို့ တိုင်ကြားလာခဲ့တဲ့အတွက် နှစ်ဖက်ညှိနှိုင်းဖြေရှင်းခဲ့ရပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~