တာချီလိတ်မြို့နယ်အတွင်း အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ နိုဝင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ရန် ရပ်ကွက်ရုံးများတွင် သွားရောက် အကြောင်းကြားနိုင်

တာချီလိတ်မြို့နယ်အတွင်း အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ နိုဝင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ရန် ရပ်ကွက်ရုံးများတွင် သွားရောက် အကြောင်းကြားနိုင်
အောက်တိုဘာ 13, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ နိုဝင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ရန် ရပ်ကွက်ရုံးများတွင် သွားရောက် အကြောင်းကြားနိုင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ ရွေးကောက်ပွဲ နေ့တွင် မဲရုံသွားရန် အခက်အခဲရှိပါက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် လည်းကောင်း၊ မိမိနေအိမ်မှလည်းကောင်း ၂၀၂၀ ခုနှစ်၊  နိုဝင်ဘာလလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အတွင်း ကြိုတင် ဆန္ဒမဲပေးနိုင်မည် ဖြစ်သည်။
"အကြောင်းကြားစာ ရောက်လာပြီ။ ကျွန်တော်တို့က ခန့်မှန်းအင်အားစာရင်း တင်ပြတောင်းခံထားတယ်။" ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ) ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၌ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းမှ အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် နိုဝင်ဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ရပ်/ကျေးအဖွဲ့များက မိမိတို့ ရပ်ကွက်၊ ကျေးရွာရှိ မဲဆန္ဒရှင်စာရင်းကို အခြေခံ၍ ဆက်သွယ်ဆောင်ရွက်ကြမည်ဖြစ်သော်လည်း မဲဆန္ဒရှင်များ အနေဖြင့်လည်း ကြိုတင်ဆန္ဒမဲပေးရန် ရပ်/ကျေးအဖွဲ့များသို့ အောက်တိုဘာလ မကုန်မီအတွင်း သွားရောက်၍ ဆက်သွယ်စာရင်းပေးထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ COVID-19 ရောဂါကူးစက်မှုအခြေအနေအရ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် မဲရုံသို့သွားရန် အခက်အခဲရှိပါက ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ပြီး COVID 19 ကြောင့် Stay at Home ကြေညာထားသည့်မြို့နယ်များမှ အသက် (၆၀) နှစ်အထက် မဲဆန္ဒရှင်များ နေအိမ်မှ ကြိုတင်မဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~