တာချီလိတ်မြို့နယ်အတွင်း မဲရုံများအတွက် ဆန္ဒမဲလက်မှတ်များကို ပညာရေးဝန်ထမ်းများ စိစစ်ထုတ်ယူနေ

တာချီလိတ်မြို့နယ်အတွင်း မဲရုံများအတွက် ဆန္ဒမဲလက်မှတ်များကို ပညာရေးဝန်ထမ်းများ စိစစ်ထုတ်ယူနေ
နိုဝင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဲရုံများအတွက် ဆန္ဒမဲလက်မှတ်များကို ပညာရေးဝန်ထမ်းများ စိစစ်ထုတ်ယူနေ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မဲရုံအသီးသီးအတွက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာမဲရုံတာဝန်ကျ ဆရာ၊ ဆရာမများက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှစ၍ စိစစ်ထုတ်ယူနေကြပြီဖြစ်သည်။
မဲရုံမှူးများနှင့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများအား တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဆန္ဒမဲလက်မှတ်များထုတ်ယူပေးနေခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်မြို့နယ်တွင် မဲရုံ (၇၀) ရုံ၊ မိုင်းဖြတ်မြို့နယ်တွင် မဲရုံ (၃၉) ရုံနှင့် မိုင်းယောင်းမြို့နယ်တွင် မဲရုံ (၆၈) ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း (၁၇၈,၈၂၅) ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~