ရှမ်းပြည်နယ်အရှေ့ပိုင်း "ဝ"အထူးဒေသ (၂)အတွင်းမှ မဲရုံတွင် မိခင်ဖြစ်သူ၏ ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးကို စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း "ဝ"အထူးဒေသ (၂)အတွင်းမှ မဲရုံတွင် မိခင်ဖြစ်သူ၏ ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးကို စစ်ဆေးတွေ့ရှိ
နိုဝင်ဘာ 8, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ်အရှေ့ပိုင်း "ဝ"အထူးဒေသ (၂)အတွင်းမှ မဲရုံတွင် မိခင်ဖြစ်သူ၏ ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးကို စစ်ဆေးတွေ့ရှိ

 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု "ဝ"အထူးဒေသ (၂)ရှိ  နမ့်ဖိုင်မဲရုံတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့က  မိခင်ဖြစ်သူ၏ မဲဆန္ဒရှင်လက်မှတ်ဖြင့် ဆန္ဒမဲလာပေးသူတစ်ဦးအား စစ်ဆေးတွေ့ရကြောင်း သိရသည်။

"တစ်အိမ်မှာ မိသားစု(၃)ယောက်၊ (၄)ယောက် ဖြစ်ချင်ဖြစ်မှာပေါ့။ ယောကျ်ားလေးတစ်ယောက်က သူ့အမေရဲ့တုံကင်ကို ယူလာတာ စစ်ကြည့်လို့တွေ့တာနဲ့ မဲရုံထဲပေးမဝင်ဘဲ ပြန်သွားလဲခိုင်းလိုက်ပါတယ်။ မဲလာပေးသူအားလုံး တုံကင်ပါလာကြပါတယ်။ အဲဒီတစ်ယောက်ပဲ အဲဒီလိုဖြစ်တာပါ" 

ဟု နမ့်ဖိုင်မဲရုံမှူး ဦးဇော်ဝင်းက ပြောသည်။
နမ့်ဖိုင်မဲရုံတွင် မဲပေးရမည့် မဲဆန္ဒရှင်(၁၃၈၅)ဦးရှိပြီး မဲဆန္ဒရှင်များသည် မြန်မာစာ၊ စကားတတ်ကျွမ်းမှုမရှိသောကြောင့် တုံကင်နံပါတ်ပြားလွဲမှားယူလာခြင်းဖြစ်ခဲ့သည့်အပြင် အသက်မပြည့်သေးသောသူများ လာရောက်တန်းစီခြင်းများလည်းရှိ၍ မဲရုံတာဝန်ရှိသူများက ပြန်လည်စေလွှတ်ရခြင်းများ ရှိနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~