မကွေးမြို့နယ်အတွင်း ကြိုတင်မဲရလဒ်တွင် NLD အနိုင်ရနေ

မကွေးမြို့နယ်အတွင်း ကြိုတင်မဲရလဒ်တွင် NLD အနိုင်ရနေ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
မကွေးမြို့နယ်အတွင်း ကြိုတင်မဲရလဒ်တွင် NLD အနိုင်ရနေ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၏ ကြိုတင်မဲစာရင်းရလဒ်အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရနေကြောင်း မကွေးမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
နိုဝင်ဘာလ(၈)ရက် အထွေထွေရွေးကောက်ပွဲနေ့ ည(၇)နာရီ(၃၀)မိနစ်အချိန်တွင် မကွေးမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ကြိုတင်မဲရေတွက်ပြီးစီးမှုအရ ပြည်သူ့လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဦးမြင့်ဦးက (၃၄၇) မဲ၊ ဦးအောင်သိန်းကျော် (USDP) ပါတီမှ  (၃၂၅) မဲ၊ ဦးဝင်းကိုကို PPP ပါတီမှ (၆) မဲ၊ တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီမှ ဦးသန်းထွေးက (၂) မဲ၊ UBP ပါတီမှ ဒေါ်တင်မိုးခိုင် (ဝ)မဲ၊ ပယ်မဲ (၈၁) မဲ၊ လွှတ်တော်အမည်လွဲထည့်မဲ (၄) မဲ ဖြင့် NLD ပါတီက အနိုင်ရရှိကြောင်း သိရသည်။
ဆက်လက်၍ ည (၁၁)နာရီ(၃၀)မိနစ်အချိန် ကြိုတင်မဲရေတွက်ပြီးစီးမှုအရ အမျိုးသားလွှတ်တော်တွင် NLD ပါတီမှ ဦးရဲတင့်က (၃၄၉) မဲ၊ USDP ပါတီမှ ဦးကြည်ထွန်းက (၃၂၈) မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ ဦးချမ်းမြေ့အောင်က (၂) မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးဇော်ဝင်း(ခ)ဦးကျော်ကျော်က (၁) မဲ၊ ပယ်မဲ (၈၁) မဲ ဖြင့် NLD ပါတီ ကပင် အနိုင်ရရှိကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော်အတွက်ကြိုတင်မဲများကို ဆက်လက်ရေတွက်လျှက်ရှိနေကြောင်း သိရပြီး မကွေးမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရေတွက်မှုအရ ၂၀၁၅ ခုနှစ်ကထက် ယခု ၂၀၂၀ပြည့်နှစ်ရွေး ကောက်ပွဲတွင် NLD ပါတီ ပိုမိုအသာရနေကြောင်း ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးလွှတ် တော်ကိုယ် စားလှယ်ဖြစ်ခဲ့ပြီး ယခု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ချိုလတ်ကပြောသည်။
  Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~