Quarantine ဝင်နေသူများ မဲပေးခွင့်အတွက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်

Quarantine ဝင်နေသူများ မဲပေးခွင့်အတွက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်
အောက်တိုဘာ 4, 2020
By Tachileik News Agency
Quarantine ဝင်နေသူများ မဲပေးခွင့်အတွက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ Quarantine  ဝင်နေရသူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“Quarantine  စင်တာမှာရှိနေတဲ့ မဲဆန္ဒရှင်တွေကို ကြိုတင်မဲပေးနိုင်ဖို့အတွက် ပုံစံ (၁၅) တွေပေးနိုင်ဖို့ အောက်တို ဘာ(၈)ရက်ကနေ (၁၄)ရက်နေ့အထိ ဆောင်ရွက်ပါမယ်။ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေက Quarantine  စင်တာတွေက အကြီးအမှူးတွေကို တစ်ရက်ကြိုတင် သွားရောက်တွေ့ဆုံပြီး Quarantine  စင်တာမှာရှိနေတဲ့ မဲဆန္ဒရှင်တွေကို ကြိုတင်မဲပေးနိုင်ဖို့အတွက် ပုံစံ(၁၅)တွေပေးမယ်။ အဲဒီလိုဆောင်ရွက်လို့ ရလာတဲ့ ပုံစံ(၁၅)တွေကို သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဆီ အမြန်ဆုံးရောက်နိုင်အောင် ပေးပို့ရမှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ(၂)ရက်နေ့ကပြောသည်။
Quarantine  စင်တာများတွင် ကြိုတင်မဲပေးနိုင်ရန်အတွက် အောက်တိုဘာလ (၂၈)ရက်နေ့မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“Quarantine  စင်တာတွေက မဲဆန္ဒရှင်တွေ မဲပေးပြီးရင် သူတို့မဲပေးရမယ့် သက်ဆိုင်ရာ မဲရုံတွေရှိရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေဆီ ရွေးကောက်ပွဲနေ့ (၈.၁၁.၂၀၂၀)ရက်နေ့ ညနေ (၄)နာရီမတိုင်ခင် အရောက် ပြန်ပို့ပေးရမှာဖြစ်ပါတယ်”ဟု ဦးစိုးထွဋ်ဦးက ပြောသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌  မကွေးတိုင်းဒေသကြီး အတွင်းမှ  မဲဆန္ဒရှင်ဦးရေ (၃,၂၇၂,၉၁၆) ဦးရှိကြောင်း ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းအရေအတွက်မှာ ပထမအကြိမ် မဲစာရင်းကပ်စဉ်ကထက် (၁၉,၆၉၁)ဦး တိုးလာသဖြင့် မဲရုံအရေအတွက်ကိုလည်း (၃၇)ရုံ ထပ်တိုးလိုက်ရာ စုစုပေါင်း မဲရုံအရေအတွက် (၄,၅၄၈)ရုံဖြစ်လာကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~