ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ်ကို Stay at Home သတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ်ကို Stay at Home သတ်မှတ်
စက်တင်ဘာ 9, 2020
By Tachileik News Agency
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ်ကို  Stay at Home သတ်မှတ် 
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၁) မြို့နယ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့မှစ၍ Stay at Home သတ်မှတ်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့အား Stay at Home သတ်မှတ်လိုက်ခြင်းဖြစ်သည်။
မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) ကြေညာထားသည့် ကာလအတွင်း အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှ အပ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရပါက တစ်အိမ်လျှင် တစ်ဦးသာထွက်ရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသွားတိုင်း Mask တပ်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားသူများကို ကြိုပို့ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသည့် ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရန် ယာဉ်မောင်း အပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန် စသည့်အချက်များကို လိုက်နာကြရမည်ဖြစ်သည်။
အရေးပေါ်ကိစ္စများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအတွင်း ဝင်/ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
အမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~