မယ်ဆိုင် နှင့် တာချီလိတ်အကြား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် တံတား(၂)ကို မြန်မာဘက် Covid-19 ပြည်တွင်းကူးစက်မှုကြောင့် ပိတ်မည်ဆိုသည်မှာ မဟုတ်

မယ်ဆိုင် နှင့် တာချီလိတ်အကြား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် တံတား(၂)ကို မြန်မာဘက် Covid-19 ပြည်တွင်းကူးစက်မှုကြောင့် ပိတ်မည်ဆိုသည်မှာ မဟုတ်
စက်တင်ဘာ 1, 2020
By Tachileik News Agency
မယ်ဆိုင် နှင့် တာချီလိတ်အကြား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် တံတား(၂)ကို  မြန်မာဘက် Covid-19 ပြည်တွင်းကူးစက်မှုကြောင့် ပိတ်မည်ဆိုသည်မှာ မဟုတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ကြား ကုန်သွယ်မှုအတွက် ခွင့်ပြုထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားအား မြန်မာနိုင်ငံအတွင်း၏ Covid-19 အခြေအနေကြောင့် ထိုင်းဘက်က ပိတ်မည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ပိတ်မည်ဆိုသည်မှာ မဟုတ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။ 
“တံတား (၂) မပိတ်ပါဘူး။ ပိတ်မယ်လို့လည်း လာပြောထားတာ မရှိပါဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။
ချစ်ကြည်ရေးအမှတ် (၂)တံတားအား ထိုင်းဘက်က ပိတ်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မယ်ဆိုင်အခြေပြု ထိုင်းသတင်းထောက်များအား ဆက်သွယ်မေးမြန်းရာ  ထိုင်းဘက် သက်ဆိုင်ရာဌာနများက အသိပေးကြေညာထားခြင်း မရှိကြောင်း သိရသည်။
လက်ရှိ Covid-19 ကာလအတွင်း၌  မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားအား ကန့်သတ်ချက်များဖြင့် ကုန်သွယ်ရေးအတွက် အသုံးပြုနေပြီး ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်များ နှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို လက်ခံပေးနေသည့်အပြင် တာချီလိတ်မှ ထိုင်းနိုင်ငံသား နေရပ်ပြန်လိုသူများ နှင့် မြန်မာဘက်က ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသားများကိုလည်း လွှဲပြောင်းစေလွှတ်ပေးရာတွင် အသုံးပြုနေခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် Covid-19 အခြေအနေကြောင့် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ ယနေ့အထိ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအား ထိုင်းဘက်က စ၍ ပိတ်ထားသော်လည်း နယ်စပ်ကုန်သည်ရေးအတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားကို အကန့်သတ်များဖြင့် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~