တာချီလိတ်တွင် ညမထွက်ရ အမိန့်အား ချိုးဖောက်သူများကို ပြန်လည် အရေးယူနိုင်ရန်အတွက် ကနဦး လိုက်လံ အသိပေး

တာချီလိတ်တွင် ညမထွက်ရ အမိန့်အား ချိုးဖောက်သူများကို ပြန်လည် အရေးယူနိုင်ရန်အတွက် ကနဦး လိုက်လံ အသိပေး
စက်တင်ဘာ 3, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရ အမိန့်အား ချိုးဖောက်သူများကို ပြန်လည် အရေးယူနိုင်ရန်အတွက် ကနဦး လိုက်လံ အသိပေး
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် Covid-19 ထိန်းချုပ်ကာကွယ် တားဆီးနိုင်ရေးအတွက် ညမထွက်ရ အမိန့်အား လိုက်နာနိုင်ရန် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ ညပိုင်းတွင် ပြန်လည်၍ လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ညပိုင်း ပြန်လည် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ညပိုင်းဖွင့်လှစ်နေသည့် စားသောက်ဆိုင်များအနေဖြင့် အချိန်ကျော်လွန်ကာ မဖွင့်လှစ်ရေးကိုပါ လိုက်လံ အသိပေးမှုများ လုပ်ဆောင်နေပြီး သတ်မှတ်ချက်များကို မလိုက်နာပါက ညမထွက်ရ အမိန့်ဖြင့် အရေးယူသွားမည်ကြောင်း သိရသည်။

ညပိုင်း စစ်ဆေးခြင်း နှင့် အသိပေးခြင်းကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဌာန၊ လ၀က နှင့် သက်ဆိုင်ရာရပ်ကွက်များမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ လိုက်လံစစ်ဆေးကာ အသိပေးကြခြင်း ဖြစ်သည်။

တာချီလိတ်တွင် ယခင်က ညမထွက်ရ အမိန့်အား ချိုးဖောက်၍ ထောင်ဒဏ်(၃)လ ချမှတ် အရေးယူထားသူ စုစုပေါင်း(၂၀)ကျော်ရှိခဲ့ကြောင်း သိရပြီး ဆက်လက်၍ နောက်ရက်များတွင် အရေးယူနိုင်ရန်အတွက် ယနေ့ ညတွင် ထပ်မံ အသိပေးခြင်း ဖြစ်ကြောင်း သိရသည်။

ညမထွက်ရအမိန့်အား (၂)လ သက်တမ်းထပ်တိုးထားပြီး ညမထွက်ရ အချိန်အား ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~