တာချီလိတ် - မယ်ဆိုင်အကြား ထိုင်းဘက်က ယာဉ်(၈)စီးပိုလွှတ်၍ ဝိုင်းဝန်းကန့်ကွက်သည့်ကိစ္စ မြန်မာကုန်တင်ယာဉ်မောင်းနှစ်ဦးမှ ရှင်းပြ

တာချီလိတ် - မယ်ဆိုင်အကြား ထိုင်းဘက်က ယာဉ်(၈)စီးပိုလွှတ်၍ ဝိုင်းဝန်းကန့်ကွက်သည့်ကိစ္စ မြန်မာကုန်တင်ယာဉ်မောင်းနှစ်ဦးမှ ရှင်းပြ
စက်တင်ဘာ 20, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြား ထိုင်းဘက်က ယာဉ်(၈)စီးပိုလွှတ်၍   ဝိုင်းဝန်းကန့်ကွက်သည့်ကိစ္စ  မြန်မာကုန်တင်ယာဉ်မောင်းနှစ်ဦးမှ ရှင်းပြ
တာချီလိတ် - မယ်ဆိုင်အကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှနေ၍ တစ်ဖက်လျှင် ကား (၆) စီးစီဖြင့်သာ နေ့စဉ်ခေါက်ပြန် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားစဉ်ကာလအတွင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့က မယ်ဆိုင်ဘက်မှ ကုန်တင်ယာဉ် (၈) စီးစေလွှတ်လိုက်သဖြင့် တာချီလိတ်ဘက်မှ တာဝန်ရှိသူများက တားဆီးသည်ကို ဒုတိယအကြိမ် ထပ်မံဝင်ရောက်ရန် ကြိုးစားသဖြင့် မြန်မာကုန်တင်ယာဉ်မောင်းများကပါ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်ဖြစ်စဉ်ကို မြန်မာကုန်တင်ယာဉ်မောင်းနှစ်ဦးက ရှင်းလင်းပြောကြားထားသည်။
မယ်ဆိုင်ဘက်က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှနေ၍ မြန်မာလိုင်စင်မော်တော်ယာဉ် (၆)စီးသာ ခွင့်ပြုထားသဖြင့် မြန်မာဘက်ကလည်း ထိုင်းလိုင်စင်မော်တော်ယာဉ် (၆)စီးကိုသာ ပြန်လည်ကန့်သတ်ထားစဉ် ထိုင်းလိုင်စင်မော်တော်ယာဉ်များ မောင်းနှင်နေသည့် မြန်မာမော်တော်ယာဉ်မောင်းများမှာ လုပ်ငန်းရပ်နားနေကြရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ရုပ်သံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~