တာချီလိတ်မှ ရန်ကုန်သို့ ပို့စစ်ထားသည့် ရခိုင်ပြန် (၃)ဦးနှင့် အကျဉ်းထောင်ပို့မည့် (၁၄)ဦးတွင် COVID 19 ပိုးမတွေ့

တာချီလိတ်မှ ရန်ကုန်သို့ ပို့စစ်ထားသည့် ရခိုင်ပြန် (၃)ဦးနှင့် အကျဉ်းထောင်ပို့မည့် (၁၄)ဦးတွင် COVID 19 ပိုးမတွေ့
စက်တင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မှ ရန်ကုန်သို့ ပို့စစ်ထားသည့် ရခိုင်ပြန် (၃)ဦးနှင့် အကျဉ်းထောင်ပို့မည့် (၁၄)ဦးတွင် COVID 19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မှ ရန်ကုန်သို့ဓာတ်ခွဲပို့စစ်ထားသည့် ရခိုင်မှပြန်လာသူ (၃)ဦးနှင့်  ကျိုင်းတုံအကျဉ်းထောင်ပို့မည့်သူ (၁၄) ဦး စုစုပေါင်း (၁၇)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိထားကြောင်း သိရသည်။
“ကျွန်တော်တို့ တာချီလိတ်ကပို့ထားတဲ့ ဓာတ်ခွဲနမူနာ (၁၇)ခုလုံး Negative ပါ။ ရခိုင်က ပြန်လာသူ (၃)ဦး၊ ကျိုင်းတုံ အကျဉ်းထောင်ပို့မယ့်သူ (၁၄)ဦးပေါ့။ အကျဉ်းထောင်ပို့မယ့်သူတွေကို ဓာတ်ခွဲစစ်ဆေးတာကတော့ သူတို့ဌာနက ပေါ်လစီပေါ့။ ဓာတ်ခွဲစစ်မယ်ဆိုတော့ ကျွန်တော်တို့ ဌာနက ဓာတ်ခွဲယူစစ်ပေးတာပေါ့”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံအကျဉ်းထောင်က အကျဉ်းသားများအား COVID 19 စစ်ဆေးပြီးမှ လက်ခံနေခြင်းဖြစ်ရာ တာချီလိတ်မှ ကျိုင်းတုံအကျဉ်းထောင်ပို့မည့် ထိုင်းနိုင်ငံသား (၃)ဦးနှင့် မြန်မာနိုင်ငံသား (၁၁)ဦးတို့ကို စက်တင်ဘာလ (၁)ရက်နေ့က ရန်ကုန်သို့ ဓာတ်ခွဲပို့စစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“အခုက ကျိုင်းတုံအကျဉ်းထောင်က ဓာတ်ခွဲစစ်ပြီးမှ လက်ခံတယ်။ ထိုင်း (၃)ယောက်နဲ့ မြန်မာ (၁၁)ယောက်ပေါ့။ အားလုံး Negative ထွက်တယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက ပြောသည်။
တာချီလိတ်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့အထိ ရခိုင်ပြည်နယ်မှ ပြန်လာသူ စုစုပေါင်း (၄)ဦးနှင့် အတူနေထိုင်သူ (၄)ဦးတို့ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးထားပြီး အားလုံးတွင် ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~