ကျောက်မဲတွင် Mask မတပ်ဘဲသွားလာနေသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တစ်လတာဝန်းကျင်အတွင်း Mask (၁)သိန်းကျော် အခမဲ့ ပေးဝေထား

ကျောက်မဲတွင် Mask မတပ်ဘဲသွားလာနေသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တစ်လတာဝန်းကျင်အတွင်း Mask (၁)သိန်းကျော် အခမဲ့ ပေးဝေထား
စက်တင်ဘာ 7, 2020
By Tachileik News Agency
ကျောက်မဲတွင် Mask မတပ်ဘဲသွားလာနေသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တစ်လတာဝန်းကျင်အတွင်း Mask (၁)သိန်းကျော် အခမဲ့ ပေးဝေထား
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အမှတ် (၁၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရင်း COVID ကာကွယ်ရေးအတွက် နှာခေါင်းစည်း ( Mask ) မပါသူများကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်မှစ၍ အခမဲ့ဝေပေးနေရာ စက်တင်ဘာလ (၇)ရက်နေ့အထိ အခုရေ (၁)သိန်းကျော် ပေးဝေထားပြီးဖြစ်ကြောင်း သိရသည်။
“ယာဉ်/ လမ်း စည်းကမ်း ပညာပေးရင်း Covid ရောဂါနဲ့ ပတ်သက်လို့ အခြေခံ အချက်ဖြစ်တဲ့ Mask တပ်ကြဖို့ကိုလည်း ပူးတွဲ ပညာပေးရင်း အခမဲ့ ဖြန့်ဝေပါတယ်။ Mask တွေကို မြို့မိမြို့ဖ၊ အလှူရှင်အချို့က လာလှူကြတာတွေလည်း ရှိပါတယ်။ ကျွန်တော့်ကိုယ်ပိုင် ငွေထဲကနေလည်း Mask အခုရေ (၃၅,၀၀၀) ကျော် ဝယ်ပြီး ဖြည့်ဆည်းလှူဒါန်း ထားပါတယ်” ဟု အမှတ် (၁၂၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု ကျောက်မဲ မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid-19 ရောဂါ ဒုတိယလှိုင်းစတင်လာသည့် သြဂုတ်လ ဒုတိယပတ်မှစ၍ ကျောက်မဲမြို့နယ်နှင့် မြို့အတွင်း လူစည်ကားရာနေရာများဖြစ်သည့် ဈေးများအနီး၊ လမ်းဆုံများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က  COVID 19 အသိပညာပေး လုပ်ငန်းနှင့် နှာခေါင်းစည်း ( Mask ) မပါသူများကို အခမဲ့ ပေးဝေခဲ့ခြင်း ဆောင်ရွက်နေခြင်းဖြစ်သည်။
မော်တော်ယာဉ် ဥပဒေသစ်အရ မော်တော်ဆိုင်ကယ် မောင်းနှင် သူများ နေ့ရောညပါ  ရှေ့မီး (မီးအသေး)ဖွင့်၍ မောင်းနှင်ရန်၊ (၂) ဦးထက် ပိုမစီးရန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး  မေးသိုင်းကြိုးသေချာ စွာတပ်ဆင်ရန်၊ နောက်ကြည့်မှန် တပ်ဆင်ရန် စသည့် အခြေခံ အချက်များကို အသိပညာပေးခြင်းနှင့်အတူ အပြင်ထွက်ပါက Mask တပ်ရန်ကိုပါ ပညာပေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
COVID 19 ပထမလှိုင်းကာလအတွင်း၂၀၂၀ ခုနှစ် မတ်လ၌ ကျောက်မဲတွင်ပြည်ပမှ ပြန်လာသူ(၁)ဦးကို အတည်ပြုလူနာအဖြစ် တွေ့ခဲ့ရပြီးနောက် မြို့နယ် Covid ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်/ခရိုင် ကျန်းမာရေးဌာနများနှင့် လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ တို့က အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~