လာအိုနိုင်ငံဘက် မြန်မာနိုင်ငံသား အများစု နေထိုင်ရာဒေသတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဒုတိယအကြိမ် ကျန်းမာရေးဆေးစစ် ပေးမည်

လာအိုနိုင်ငံဘက် မြန်မာနိုင်ငံသား အများစု နေထိုင်ရာဒေသတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ဒုတိယအကြိမ် ကျန်းမာရေးဆေးစစ် ပေးမည်
သြဂုတ် 27, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက် မြန်မာနိုင်ငံသား အများစု နေထိုင်ရာဒေသတွင်  မြန်မာရွှေ့ပြောင်းလုပ်သားများကို ဒုတိယအကြိမ် ကျန်းမာရေးဆေးစစ် ပေးမည်
 
မြန်မာနိုင်ငံတွင် COVID 19 ပိုးတွေ့လူနာ များလာသည့်အတွက် လာအိုနိုင်ငံဘက်သို့  မြန်မာဘက်မှ ခိုးဝင်လာသူများအား သတိထားရန် အသိပေးထားပြီး  မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားရှိသည့် လာအိုနိုင်ငံ၊ တုန်ဖိန်းမြို့နယ်ရှိ  ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း ကျန်းမာရေးစစ်ဆေးမှု ဒုတိယအကြိမ် ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
“အခုက နယ်စပ်ပိတ်ထားတော့ တရားဝင်တော့ လာလို့မရဘူး။ ခိုးဝင်လာတာတော့ ရှိတာပေါ့။ ဒီဘက်မှာ ရွှေတြိဂံအုပ်ချုပ်ရေးအဖွဲ့က စာထုတ်သတိပေးတာက သုံးဘီးတွေ၊ ဆိုင်ကယ်တက္ကစီတွေကို မြန်မာဘက်က ခိုးဝင်တွေရှိရင် သူတို့နဲ့ မထိတွေ့ဖို့၊ ပစ္စည်းတွေဘာတွေ သယ်မပေးဖို့ သတိပေးတာ။ အဲဒါက လာအိုအစိုးရက ထုတ်တာ မဟုတ်ဘူး။  မြန်မာတွေကိုလည်း  နောက်ထပ် ဆေးစစ်တာ ပြန်လုပ်ပေးမယ်တဲ့။ အဲဒါကတော့ လာအိုအစိုးရ ကျန်းမာရေးဌာနက လုပ်ပေးမှာ။ ကိုဗစ်ဖြစ်ကတည်းက မြန်မာလုပ်သားတွေကို ဆေးစစ်ပေးတာ လုပ်ပေးတယ်။ လိုအပ်ရင် ဆေးကုပေးတယ်”ဟု လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ်အတွင်း ရခိုင်ရွာ(မြန်မာရွာ)အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၆)ရက်နေ့တွင် ပြောသည်။
လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်မှနေ၍ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးတွင် COVID 19 ပိုးတွေ့ရစဉ်က လာအိုဘက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကို လာအိုကျန်းမာရေးဌာနက ဆေးစစ်မှုများ ပထမအကြိမ် ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နှင့်နယ်စပ် လာအိုနိုင်ငံ ဘိုကီယိုပြည်နယ် တုန်ဖိန်းမြို့နယ်အတွင်း ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် တရုတ်ကုမ္ပဏီက နှစ်ပေါင်း (၉၀) ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး  ကာစီနိုလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများရှိသဖြင့် မြန်မာနိုင်ငံသားများသည် တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် သွားရောက် အလုပ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ကစ၍ စစ်တွေမြို့နယ်တွင် COVID 19 ပြည်တွင်း ကူးစက်မှုအဖြစ် တွေ့လာရပြီးနောက် အတည်ပြုလူနာ အများအပြားတွေ့လာရခြင်းဖြစ်ကာ သြဂုတ်လ (၂၇)ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ (၅၈၆)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~