တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံဆိပ်ကမ်း နှင့် မြန်မာ - လာအို နယ်စပ်ကနေ စက်သုံးဆီ တင်ပို့ခွင့်ပြု

တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံဆိပ်ကမ်း နှင့် မြန်မာ - လာအို နယ်စပ်ကနေ စက်သုံးဆီ တင်ပို့ခွင့်ပြု
ဇန်နဝါရီ 17, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်မြို့နယ်အတွင်းရှိ ဝမ်ပုံဆိပ်ကမ်း နှင့်  မြန်မာ - လာအို နယ်စပ်ကနေ စက်သုံးဆီ တင်ပို့ခွင့်ပြု

မြန်မာ - ထိုင်းစပ်ဒေသလည်းဖြစ်သလို မြန်မာ - လာအိုနယ်စပ်ဒေသလည်း ဖြစ်တဲ့ တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းနဲ့ ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအိုချစ်ကြည်ရေး တံတားကနေတဆင့် စက်သုံးဆီတင်သွင်းပို့ခွင့်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးရဲ့ အမှတ်စဉ် (၂၉/၂၀၁၉) ဆုံးဖြတ်ချက်အရ ခွင့်ပြုပေးလိုက်တာဖြစ်ကြောင်း ဦးဝင်းလွင်က ပြောပါတယ်။

လက်ရှိအချိန်မှာ မဲခေါင်မြစ်ကြောင်းအတွင်း သွားလာနေတဲ့ တရုတ်နိုင်ငံကသင်္ဘောတွေနဲ့ လာအိုနိုင်ငံက
သင်္ဘာတွေကို ထိုင်းနိုင်ငံက စက်သုံးဆီရောင်းချမှုမရှိတော့တဲ့အတွက် အခုလို စက်သုံးဆီရောင်းချခွင့် ပြုခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~