ပြည်တော်ပြန် (၁၅)ဦးတွင် Covid-19 ပိုး တွေ့

ပြည်တော်ပြန် (၁၅)ဦးတွင် Covid-19 ပိုး တွေ့
သြဂုတ် 19, 2020
By Tachileik News Agency
ပြည်တော်ပြန် (၁၅)ဦးတွင် Covid-19 ပိုး တွေ့
အိန္ဒိယနှင့် ဖိလစ်ပိုင်တို့မှ ပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အသွားအလာ ကန့်သတ်ထားသူ (၁၅)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့အထိ (၃၉၄)ဦး ရှိလာပြီဖြစ်သည်။
ယနေ့ ပိုးတွေ့ရှိသူ (၁၅)ဦးမှာ ပြည်ပမှပြန်လာ၍   အသွားအလာကန့်သတ်ထားသည့်နေရာတွင်  ထားရှိကာ ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရခြင်းဖြစ်ကြောင်း သိရပြီး သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက အတည်ပြုလူနာဖြစ်သွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ (၃)ဦးနှင့် သြဂုတ်လ (၁၆)ရက်နေ့က အတည်ပြုလူနာဖြစ်သွားသည့် စစ်တွေမြို့မှ (၁)ဦးတို့မှာ ပြည်ပခရီးသွားလာခြင်းမရှိသည့်အပြင် အတည်ပြုလူနာဖြင့် ထိတွေ့ခဲ့သူများ မဟုတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အတည်ပြုလူနာများမှ (၃၂၉)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်ပြီး (၆)ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
 Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~