Covid-19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင် တံတား(၂)ပေါ်က ကုန်ပစ္စည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာမှု အခြေအနေ

Covid-19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင် တံတား(၂)ပေါ်က ကုန်ပစ္စည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာမှု အခြေအနေ
သြဂုတ် 13, 2020
By Tachileik News Agency

Covid-19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင် တံတား(၂)ပေါ်က  ကုန်ပစ္စည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာမှု အခြေအနေ

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ကို မယ်ဆိုင်မြို့ကနေ အမှတ်(၂)တံတားကို ဖြတ်သန်းပြီး ကုန်ပစ္စည်းသယ်ဆောင်ချိန်မှာ ထိုင်းနိုင်ငံဘက်က ကောက်ခံတဲ့အခွန်အခတွေ ကြီးမြင့်နေတဲ့အတွက် နှစ်နိုင်ငံ အလွှတ်သဘော နှစ်ကြိမ်ဆွေးနွေးပြီးချိန်မှာ အခွန်အခတွေစီစစ်ပြီးလျော့ပေါ့ပေးဖို့ မယ်ဆိုင်မြို့ပိုင်က ကတိပြုသွားတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

လက်ရှိ အမှတ်(၂)တံတားကနေကုန်ပစ္စည်းသယ်ယူရာမှာ တွေ့ကြုံနေရတဲ့အခက်အခဲတွေကို လုပ်ငန်းရှင်တွေက အခုလိုပြောပြပါတယ်။

၂၀၂၀ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့မနက်ပိုင်းက တာချီလိတ်မြို့ ခရိုင်/မြနို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမမှာ မယ်ဆိုင်မြို့ပိုင်နဲ့အဖွဲ့က တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို အလွတ်သဘောလာရောက်တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံဘက်က တစ်ပိုင်တနိုင်ကုန်သယ်ဆောင်မှုတွေကို အခွန်ကောက်ခံနေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~