ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရပြီး ပြန်လွှဲလာသူ (၇၉)ဦးကို တာချီလိတ် quarantine center တွင် ယာယီထားပြီး တိုင်းနှင့်ပြည်နယ် (၁၀)ခုသို့ ပြန်ပို့မည်

ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံရပြီး ပြန်လွှဲလာသူ (၇၉)ဦးကို တာချီလိတ် quarantine center တွင် ယာယီထားပြီး တိုင်းနှင့်ပြည်နယ် (၁၀)ခုသို့ ပြန်ပို့မည်
သြဂုတ် 28, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း ထိန်းသိမ်းခံရပြီး ပြန်လွှဲလာသူ (၇၉)ဦးကို တာချီလိတ် Quarantine Center တွင် ယာယီထားပြီး တိုင်းနှင့်ပြည်နယ် (၁၀)ခုသို့ ပြန်ပို့မည်
 
ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံရသည့် တိုင်းနှင့်ပြည်နယ်(၁၀)ခုမှ မြန်မာနိုင်ငံသား (၇၉) ဦးကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)မှတစ်ဆင့် တာချီလိတ်မြို့သို့ လွှဲပြောင်းလာသည်။
မြန်မာနိုင်ငံသား အမျိုးသား (၅၆)ဦးနှင့် အမျိုးသမီး (၂၃)ဦးတို့ကို ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ခြင်း၊ COVID 19 ဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များအား ဖြန့်ဝေပေးခြင်းများ လုပ်ဆောင်ပြီးနောက် တာချီလိတ် မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ ဖွင့်ထားသည့် Quarantine Center သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသား (၇၉)ဦးကို COVID 19 ဓာတ်ခွဲစစ်ဆေးမှု အဖြေထွက်သည်အထိ မိုးကုတ်ဝိပဿနာ Quarantine Center ၌ ထားမည်ဖြစ်ပြီး ဓာတ်ခွဲအဖြေရပြီးပါက (၂၁)ရက်ပြည့်သည်အထိ သက်ဆိုင်ရာဒေသ၌ ဆက်လက်၍ Quarantine ဝင်ကြရမည်ဖြစ်သည်။
လွှဲပြောင်းပေးလာသူများတွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့မှ ပါဝင်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~