လောင်းကစားများ ပိတ်လိုက်အပြီး တစ်ပတ်အတွင်း တာချီလိတ်သို့ ထိုင်းနိုင်ငံသား ဝင်ရောက်မှု လျော့နည်းလာ

လောင်းကစားများ ပိတ်လိုက်အပြီး တစ်ပတ်အတွင်း တာချီလိတ်သို့ ထိုင်းနိုင်ငံသား ဝင်ရောက်မှု လျော့နည်းလာ
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency

 လောင်းကစားများ ပိတ်လိုက်အပြီး တစ်ပတ်အတွင်း တာချီလိတ်သို့ ထိုင်းနိုင်ငံသား ဝင်ရောက်မှု  လျော့နည်းလာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ကာစီနို နဲ့ အွန်လိုင်းလောင်းကစားများ ပိတ်လိုက်ပြီးနောက် တစ်ပတ်အတွင်းမှာ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ကနေ  ထိုင်းနိုင်ငံသား ဝင်ထွက်သွားလာမှုဟာ  အရင်ထက် စုစုပေါင်း (၁၃,၀၀၀)ဝန်းကျင် လျော့နည်းသွားကြောင်း  သိရပါတယ်။

၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ကနေ ဖေဖော်ဝါရီလ(၆)ရက်နေ့အထိ တာချီလိတ်သို့ နေ့ချင်းပြန် နဲ့ ညအိပ် ထိုင်းနိုင်ငံသားအရေအတွက်မှာ (၇)ရက်အတွင်း စုစုပေါင်း (၂၅,၈၉၆)ဦးရှိခဲ့ပေမဲ့ လောင်းကစားများ ပိတ်လိုက်တဲ့ ဖေဖော်ဝါရီလ(၆)ရက်နေ့က စတင်ပြီး ဖေဖော်ဝါရီလ(၁၃)ရက်နေ့အထိ (၇)ရက်သာအတွင်း ဝင်ရောက်မှုဟာ စုစုပေါင်း(၁၂,၉၀၇)ဦးသာရှိတဲ့အတွက် အရင်ထက် လူဦးရေ (၁၃၀၀၀)ဝန်းကျင် လျော့နည်းသွားကြောင်း သိရပါတယ်၊

အခုရရှိထားတဲ့ ထိုင်းနိုင်ငံသား အဝင်အထွက်စာရင်း အရေအတွက်ဟာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းများဖြစ်ပါတယ်။

တာချီလိတ်ကို လာရောက်တဲ့ ထိုင်းနိုင်ငံသားများထဲမှာ လာရောက်လည်ပတ်တဲ့သူများလည်း ပါဝင်သလို တာချီလိတ်မြို့မှာ အွန်လိုင်းလောင်းကစားနဲ့ အခြား အလုပ်တွေကို လာရောက်လုပ်ကိုင်သူတွေ ပါဝင်ကြောင်း သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~