ထိုင်းနိုင်ငံ ကုန်တိုက်တစ်ခုတွင် မြန်မာလူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုအထိ ဖြစ်ပွား၍ ပါဝင်ပတ်သက်သူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား

ထိုင်းနိုင်ငံ ကုန်တိုက်တစ်ခုတွင် မြန်မာလူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုအထိ ဖြစ်ပွား၍ ပါဝင်ပတ်သက်သူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား
ဇူလိုင် 14, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ ကုန်တိုက်တစ်ခုတွင် မြန်မာလူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုအထိ ဖြစ်ပွား၍ ပါဝင်ပတ်သက်သူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ဒေသရှိ ကုန်တိုက်တစ်ခုတွင် မြန်မာလူငယ်တစ်ဦး ဓားထိုးခံရ၍ သေဆုံးသွားသည့် ခိုက်ရန်ဖြစ်ပွားမှု၌ ပါဝင်သူ မြန်မာလူငယ် (၆) ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဆမွတ်ပရာကန်ရှိ Imperial World Samrong ကုန်တိုက်တွင် ဇူလိုင်လ (၁၂) ရက်နေ့ နေ့လယ်ပိုင်းက လူငယ်အုပ်စုတစ်စု ခိုက်ရန်ဖြစ်ပွားကြပြီး အသက် (၁၉)နှစ်အရွယ် မြန်မာလူငယ်တစ်ဦး ဓားထိုးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဓားထိုးခံရသည့် လူငယ်မှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်သည့် မြန်မာနိုင်ငံသား (၆)ဦးအနက် (၁)ဦးကို ရဲတပ်ဖွဲ့က လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ အကူအညီဖြင့် ဇူလိုင်လ (၁၂) ရက်နေ့ ညပိုင်း၌ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျန်ရှိသည့် လူငယ် (၅) ဦးကို ဇူလိုင်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံဖမ်းမိကြောင်း သိရသည်။

အသက် (၂၀)မှ (၂၉)ကြားဝန်းကျင်အရွယ် အဆိုပါ လူငယ် (၆)ဦးသည် ဇူလိုင်လ (၁၂)ရက်နေ့က ကုန်တိုက်သို့ သွားရောက်စဉ် အခြား မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့တစ်ဖွဲ့နှင့် တိုးတိုက်မိရာမှ စကားများခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အချင်းများမှုဖြစ်ပွားစဉ် (၆)ဦးအဖွဲ့မှ လူငယ်တစ်ဦးက ပါလာသည့်ဓားဖြင့် ထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လူတစ်ဦးသေဆုံးရသည့် ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်သည့် လူငယ်(၆)ဦးကို လူသတ်မှုအပြင် အများပြည်သူဆိုင်ရာနေရာသို့ လက်နက်ယူဆောင်လာမှုဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~