ကျောက်မဲမြို့တွင် စာသင်ကျောင်းကို Quarantine Center အဖြစ် အသုံးပြုပြီး အကြွင်းအကျန် နှင့် အမှိုက်များကို သန့်ရှင်းရေး မလုပ်ဘဲ ပြန်အပ်

ကျောက်မဲမြို့တွင် စာသင်ကျောင်းကို Quarantine Center အဖြစ် အသုံးပြုပြီး အကြွင်းအကျန် နှင့် အမှိုက်များကို သန့်ရှင်းရေး မလုပ်ဘဲ ပြန်အပ်
ဇွန် 17, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် စာသင်ကျောင်းကို Quarantine Center အဖြစ် အသုံးပြုပြီး အကြွင်းအကျန် နှင့် အမှိုက်များကို သန့်ရှင်းရေး မလုပ်ဘဲ ပြန်အပ် 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် Covid-19 ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီက Facility Quarantine အဖြစ်အသုံးပြုခဲ့ပြီး ကျောင်းတာဝန်ရှိသူများထံ ဇွန်လ (၁၅)ရက်နေ့က ပြန်အပ်ခဲ့သည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်းရှိ ပြည်တော်ပြန်များ ထားရစ်ခဲ့သည့် အကြွင်းအကျန်နှင့် အမှိုက်များကို မည်သူမှ တာဝန်ယူ မရှင်းပေးသည့်အတွက် ဆရာဆရာမများက ရှင်းလင်းနေရကြောင်း သိရသည်။

Facility Quarantine အဖြစ် စပြီးထားမယ့်အချိန်က တာဝန်ရှိသူတွေလာပြီးတော့ ပြောထားတာရှိတယ်။ ပြန်အပ်တဲ့အခါကျရင် ဆေးဖြန်းတာတွေ၊ သန့်ရှင်းရေးတွေ တစ်ခါတည်းလုပ်ပြီးမှ ပြန်အပ်မယ်လို့ပြောခဲ့တာ။ (၁၂)ရက်နေ့က ဆေးလာဖြန်းတာတော့တွေ့တယ်။ (၁၅)ရက်နေ့ ပြန်အပ်တယ်ဆိုပေမဲ့ ဘာမှအသိလာပေးတာ မရှိဘူး။ သန့်ရှင်းရေးလည်း မလုပ်ပေးတဲ့အတွက် ရှိတဲ့ ဆရာ/ ဆရာမအင်အားနဲ့ပဲ တစ်ကျောင်းလုံးကို သန့်ရှင်းရေးလုပ် အမှိုက်သိမ်းရတယ်၊ သန့်ရှင်းရေးလုပ်ဖို့ လက်အိတ်ကအစ ကိုယ့်ဘာသာဝယ်ရတာ

ဟု အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန် (၁၇)ရက်နေ့တွင် ပြောသည်။

ပြည်ပပြန်များအား ၂၀၂၀ ခုနှစ် မတ်လ (၂၆)ရက်နေ့ကတည်းက ကျန်းမာရေးစောင့်ကြည့်သည့် နေရာ အဖြစ်ထားရှိခဲ့သည့် အဆိုပါ အထက်တန်းကျောင်းတွင်  ကလေးသင်ထောက်ကူပစ္စည်းများ ထားရှိသည့်  KG အတန်း တစ်ခန်းမှအပ အခန်းတိုင်း၌ အမှိုက်များ ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

စားကြွင်းစားကျန်များ၊ အတွင်းခံ အဝတ်အစားများ၊ အပေါ့ သွားထားသည်များကို ထည့်ထားသည့်ရေသန့်ဗူးခွံများ၊ တစ်ခါသုံးဖော့ဗူးများ၊ တစ်ကိုယ်ရေသုံး စွန့်ပစ်ပစ္စည်းများ စသည်တို့ ပါဝင်သည့် အမှိုက်များအား ဇွန်လ (၁၆)ရက်နေ့က ဆရာ/ဆရာမ (၁၉) ဦး၊ ကျောင်းသား (၁၉)ဦး နှင့် ကျောင်းသူ (၅) ဦးတို့က စုပေါင်း သန့်ရှင်းရေးလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ကျောင်းဆရာ/ ဆရာမ များအတွက် ပညာရေးဝန်ကြီးဌာနက ထုတ်ပေးထားသော သင်ထောက်ကူပစ္စည်းများ၊ KG ကလေးများကစားရန် ထားရှိသည့် ဘောလုံးများ၊ ခြင်းလုံးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဓါတ်ပုံရိုက်၍ လူမှုကွန်ယက်(Facebook)တွင် ဇွန်လ (၁၆)ရက်က တင်ခဲ့သော ကျောင်းဆရာအား ဇွန်လ (၁၇)ရက်နေ့၌ မြို့နယ်ပညာရေးမှူးက ခေါ်ယူ တွေ့ဆုံခဲ့ကြောင်းလည်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~