မူးယစ်ဆေးဝါး ဖမ်းမိရာက ငွေအတုပြုလုပ်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး ဖမ်းမိရာက ငွေအတုပြုလုပ်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ
ဇွန် 17, 2020
By Tachileik News Agency
မူးယစ်ဆေးဝါး ဖမ်းမိရာက ငွေအတုပြုလုပ်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများပြုလုပ်ရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ငွေအတုပြုလုပ်သူ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ မြဝတီရပ်ကွက်တွင် ရဲတပ်ဖွဲ့ ပါဝင်သည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နေ့လည်ပိုင်းအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား ရပ်တန့်စစ်ဆေးရှာဖွေရာက ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်းထဲက စိတ်ကြွဆေးပြား (၁၇၀)ပြားတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများတွေ့ရှိရသည့်အတွက် ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရှာဖွေရာမှ နေအိမ်အတွင်းထဲက  ငွေစက္ကူအတု ( ၁၀,၀၀၀ )ကျပ်တန် (၂၈)ရွက်၊ ငွေစက္ကူအတု (၅,၀၀၀)ကျပ်တန် (၃) ရွက်နှင့် ငွေစက္ကူအတု (၁၀၀၀)ကျပ်တန် (၁)ရွက် အပြင် လက်ကိုင်ဖုန်း (၁)လုံးနှင့် ငွေစက္ကူအတုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ငွေအတုများနှင့် ပတ်သက်၍ စစ်ဆေးရာက ကွင်းဆက်တရားခံအဖြစ် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ခင်မျိုးထိုက်၏ နေအိမ်အား သွားရောက် စစ်ဆေးရာက ၎င်း၏ နေအိမ်တွင် ငွေစက္ကူအတုများ ပြုလုပ်ရာတွင် အသုံးပြုသည့်  လက်တော့ပ်ကွန်ပျူတာ (၁)လုံး နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသက်(၃၅)နှစ်အရွယ် နဒီထွန်း နှင့် အသက်(၂၅)နှစ်အရွယ် ခင်မျိုးထိုက်ဆိုသူတို့အား မုံရွာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် လည်းကောင်း၊ ဗဟိုဘဏ်ဥပဒေဖြင့် လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~