ကျောက်မဲ - နောင်ချိုလမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် တောင်ကျရေကြောင့် သွားလာရခက်နေ၍ ရေလွှဲမြောင်း ဖောက်လုပ်

ကျောက်မဲ - နောင်ချိုလမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် တောင်ကျရေကြောင့် သွားလာရခက်နေ၍ ရေလွှဲမြောင်း ဖောက်လုပ်
ဇွန် 16, 2020
By Tachileik News Agency
ာက်မဲ - နောင်ချိုလမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် တောင်ကျရေကြောင့် သွားလာရခက်နေ၍ ရေလွှဲမြောင်း ဖောက်လုပ်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲ - နောင်ချိုလမ်းပိုင်းရှိ ဂုတ်တွင်းလမ်းတွင် မိုးရာသီ၌ တောင်ကျရေကျော်၍ သွားလာရခက်ခဲသည့်အတွက် လမ်းပိုင်းရေကျော်သည့်နေရာအနီး ရေလွှဲမြောင်းတစ်ခုကို Oriental Highway Co.ltd က ဇွန်လ (၁၆)ရက်နေ့တွင် ဖေါက်လုပ်ပေးထားသည်ဟု သိရသည်။

ဇွန်လ (၁၅)ရက်နေ့မှာ မိုးသည်းထန်ခဲ့တဲ့အတွက် ဂုတ်တွင်းလမ်း ကျောက်မဲဘက်အခြမ်းမှာ တောင်ကျရေ တွေ လမ်းပေါ်ကျော်ပြီး ယာဥ်တွေ သွားလာရခက်ခဲတာတွေ ဖြစ်ခဲ့တဲ့အတွက် ဒီနေ့ချက်ချင်းပဲ ရေလွှဲမြောင်းဖေါ်ပေး ထားပါတယ်၊ ရေကြီးတဲ့နေ့က ရေတိုက်စားသွားတဲ့ မြေထိန်းနံရံကိုလဲ ချက်ချင်းပြင်ဆင်ပေးထားပါတယ်၊ လုပ်ငန်း လုပ်ဆောင်နေစဥ်ကာလမှာတော့ ယာဥ်တွေကို တစ်ဖက်ကို တစ်လှည့်ဆီ အတက်အဆင်းခွဲပြီး ဖြတ်သန်း ထားစေပါတယ်၊ နောက်ရက်တွေတော့ ပုံမှန်အတိုင်းသွားလာလို့ရပါပြီ

ဟု ပြည်ထောင်စုလမ်းမကြီး မနလေး-မူဆယ်လမ်းပိုင်းအား တာဝန်ယူထားသည့် Orient al Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီ သို့ ဇွန် (၁၆)ရက်နေ့တွင် ပြောသည်။

ဇွန်လ (၁၄)ရက်နှင့် (၁၅)ရက်နေ့များက မိုးရွာသွန်းမှုများပြားခဲ့သည့် အတွက် ဂုတ်တွင်းလမ်းပိုင်းတွင် တောင်ကျရေများ လမ်းပေါ်သို့ကျော်ကာ ယာဥ်များသွားလာရခက်ခဲခြင်း၊ ရေတိုက်စားမှုကြောင့် လမ်းပိုင်းရှိ မြေထိန်းနံရံအချို့ ကျောက်သားများပေါ်လာခြင်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောင်ချို- ကျောက်မဲ မြို့ရှောင်လမ်းနဲ့ ဂုတ်တွင်းတံတားသစ်ကြီးကို အမြန်တည်ဆောက်ပေးစေလိုပါတယ်။ မဟုတ်ရင် ရေကြီးလို့ သွားလာမရတာရယ်၊ တံတားမကောင်းလို့ သွားလာမရတာရယ်၊ အကွေ့တွေမှာ ကားတွေ ပျက်လို့ လမ်းပိတ်နေရတာရယ်နဲ့ တစ်နှစ်လုံး အဆင်ပြေပြေသွားရတာက မရှိသလောက်ဖြစ်နေတယ်၊ တံတားသစ်ကြီးကို မြန်မြန်တည်ဆောက်ပေးပါ လို့ တောင်းဆိုချင်ပါတယ်

ဟု မနလေး-မူဆယ် ယာဥ်မောင်းတစ်ဦးဖြစ်သည့် ကိုနေ က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

တောင်ကျရေများ လမ်းမကြီးပေါ်သို့ မဖြတ်ကျော်စေရေးအတွက် ဂုတ်တွင်းလမ်းပိုင်း ကျောက်မဲဘက်အခြမ်းရှိ မိုင်တိုင် ၈၅/၀ နှင့် ၈၅/၁ အကြား ( ကျွန်းတောကွေ့ အနီး )တွင် ရေလွှဲမြောင်းတစ်ခုကို Oriental Highway Co.ltd မှ ဇွန်လ ၁၆ ရက်နေ့နံနက်က စတင်၍ တူးဖေါ်ကာ ရေလွှဲမြောင်းပြုလုပ်ပေးထားခြင်း ဖြစ်သည်ဟု သိရသည်။

နောင်ချို၊ ကျောက်မဲမြို့များတွင် မြို့ရှောင်လမ်း ဖေါက်လုပ်ခြင်းနှင့် လေးလမ်းသွား သံကူ၊ ကွန်ကရစ် ဂုတ်တွင်းတံတား သစ်ကြီးအား ဆောက်လုပ်ရန် ၂၀၁၆ ခုနှစ်ကတည်းက စီမံကိန်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိ လမ်းပိုင်းအား တာဝန်ယူထားသည့် OHC က တာဝန်ယူဆောက်လုပ်မည်ဟု သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုနေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~