ရှမ်းပြည်နယ်အတွင်းမှ ပရဟိတ လူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်‌ပေးရေး ဆွေးနွေးရန်အဆို ပယ်ချခံရ

ရှမ်းပြည်နယ်အတွင်းမှ ပရဟိတ လူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်‌ပေးရေး ဆွေးနွေးရန်အဆို ပယ်ချခံရ
ဇွန် 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်းမှ ပရဟိတ လူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်‌ပေးရေး ဆွေးနွေးရန်အဆို  ပယ်ချခံရ

ရှမ်းပြည်နယ်အတွင်းမှ ပရဟိတ လူမှုကူညီရေးအသင်းပိုင် မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ပေးရေး ရှမ်းပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရန်တင်သည့် အဆိုကို ပယ်ချခံရကြောင်း သိရသည်။

“အဆိုတင်သွင်းဖို့ ဒီနေ့မှာ စာတင်လိုက်ပါတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘူး။ အရင်က အဆိုတင်သွင်းထားတာ ရှိထားလို့ဆိုပြီး အကြောင်းပြချက် ပေးပါတယ်။ ဒါကြောင့် ပရဟိတ လူမှုကူညီရေး အသင်းကားတွေကို တရားဝင် လိုင်စင်ချပေးဖို့ အစီရင်ခံတာက မအောင်မြင်ခဲ့ပါဘူး” ဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့က ပြောသည်။

ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးမည့် အဆိုကို ၂၀၂၀ခုနှစ် မေလ(၁၂)ရက်နေ့ ရက်စွဲဖြင့် ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ပရဟိတလူမှုကူညီရေးအသင်းများက အများပြည်သူ၏ ထည့်ဝင်ငွေ၊ ထောက်ပံ့ငွေများဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် လူမှုကူညီရေး လုပ်ငန်းများ၊ COVID 19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြရာ၌ လူမှုကူညီရေးအသင်းယာဉ်အများစုမှာ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်များမဟုတ်၍ ယာဉ်မှတ်ပုံတင်ပေးရန် အဆိုတင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~