ရုပ်ရှင်ရုံမရှိသည့် တာချီလိတ်တွင် "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားအား ဒုတိယနေ့အဖြစ် မတ်လ(၁)ရက်နေ့ ည စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌ အခမဲ့ ပြသပေးမည်

မတ် 1, 2020
By Tachileik News Agency
ရုပ်ရှင်ရုံမရှိသည့် တာချီလိတ်တွင် "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားအား ဒုတိယနေ့အဖြစ် မတ်လ(၁)ရက်နေ့ ည စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌ အခမဲ့ ပြသပေးမည်

မြန်မာနှင့် ကိုရီးယားပူးတွဲ ရိုက်ကူးထားသည့် "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌ ဒုတိယနေ့အဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့ ညနေ (၇) နာရီမှစ၍ အခမဲ့ပြသမည်ဖြစ်၍ မည်သူမဆို လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ရိုက်ကူးသည့် ကတ်သလစ်ဘုန်းတော်ကြီးဖြစ်သူ ဒါရိုက်တာ ဂျွန်လရော်က ကိုရီးယားရိုက်ကူးရေးအဖွဲ့ဖြင့် အားဖြည့်ရိုက်ကူးထားသည့် တန်ဖိုးရုပ်ရှင်ကို တာချီလိတ်မြို့တွင် အခမဲ့လာရောက်ပြသခြင်းဖြစ်ကြောင်း သိသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ရန်အောင် ၊ မို့မို့မြင့်အောင်၊ဇင်ဝိုင်း ၊ခင်ဇာခြည်ကျော်၊ ထွန်းထွန်း၊ အေးမြတ်သူ မော်နီကာပန်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပြီး မြန်မာနှင့် ကိုရီးယားပူးတွဲရိုက်ကူးထားသည့် အဆိုပါဇာတ်ကားမှာ ရုံတင်ပြသခြင်းမပြုမီကပင် လူစိတ်ဝင်စားမှုများခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်စတင်ပြသသည့် ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့က စိတ်ဝင်စားသူများပြားသဖြင့် ဒုတိယနေ့ ထပ်တိုးပြသပေးခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသတာချီလိတ်တွင် ယနေ့အချိန်အထိ ရုပ်ရှင်ရုံ တည်ဆောက်နိုင်ခြင်း မရှိသေးပေ။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~