ရက်ရှည်ကျင်းပနေသည့် ရွှေစက်တော်ဘုရားပွဲအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အမြန်ဆုံးပိတ်ရန် တိုက်တွန်းမှုနှင့် ပတ်သက်၍ လတ်တလော ဆောင်ရွက်ရန် မရှိသေး

ရက်ရှည်ကျင်းပနေသည့် ရွှေစက်တော်ဘုရားပွဲအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အမြန်ဆုံးပိတ်ရန် တိုက်တွန်းမှုနှင့် ပတ်သက်၍ လတ်တလော ဆောင်ရွက်ရန် မရှိသေး
မတ် 1, 2020
By Tachileik News Agency
ရက်ရှည်ကျင်းပနေသည့် ရွှေစက်တော်ဘုရားပွဲအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အမြန်ဆုံးပိတ်ရန် တိုက်တွန်းမှုနှင့် ပတ်သက်၍ လတ်တလော ဆောင်ရွက်ရန် မရှိသေး

မကွေးတိုင်းတွင် ကျင်းပလျှက်ရှိသည့် မန်းရွှေစက်တော်ဘုရားပွဲတော်အား ကိုရိုနာဗိုင်းရပ် ကူးစက်မြန် ရောဂါ မတွေ့ရှိမီ အမြန်ဆုံး ပိတ်သိမ်းသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းထားခြင်းနှင့် ပတ်သက်၍ လတ်တလောထိ ဆောင်ရွက်ရန်မရှိသေးကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် မဖြစ်မနေကျင်းပရမည့် ပွဲတော်များမှလွဲ၍ လူစုလူဝေးပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားရာ တရုတ်နိုင်ငံမှ ပြန်လာသူ အများအပြားရှိနေသည့် မကွေးတိုင်းဒေသကြီးအတွင်း ရက်ရှည်ကျင်းပနေသည့် ရွှေစက်တော်ဘုရားပွဲအား စနစ်တကျ ပိတ်သိမ်းနိုင်ရေး အမြန်ဆုံး (အမြန်ဆုံး) စီမံဆောင်ရွက်သွားနိုင်ရန် ညှိနှိုင်းအကြောင်းကြားသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ဂေါပကအဖွဲ့ထံ အကြောင်းကြားစာ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

အဲဒီစာနဲ့ပတ်သက်ပြီး အထက်ကို ဆက်လက်တင်ပြထားပါတယ်။ ဘာမှပြန်အကြောင်းကြားတာမျိုးမှ မရှိ သေးပါဘူး။  ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကျွန်တော်တို့ဆီလာသွားတဲ့အတွက် အဲဒီစီမံကွပ်ကဲမှု အောက်မှာ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ အခုချိန်ထိလည်း ဘာမှထူးခြားဖြစ်စဉ်မရှိဘဲ ဒီနေ့ဆို ဘုရားဖူတွေနဲ့ အထူးစည်ကားနေပါတယ်။ ကျန်းမာရေးဌာနမှာလည်း ဆရာဝန်များကြီးကြပ်ပြီးတော့ အဖျားတိုင်းတဲ့ ကရိယာများအသုံးပြုပြီးလည်း ဆောင်ရွက်နေပါတယ်

ဟု ရွှေစက်တော်ဂေါပကဥက္ကဌ ဦးဌေးဝင်းက ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးမှာ တရုတ်နိုင်ငံမှ နေရပ်ပြန်လုပ်သားများစွာ မြို့နယ်အနှံ့အပြား၌ ရောက်ရှိနေရာ မကွေးတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်ရန်မှာ နယ်စပ်များနည်းတူ အရေးကြီးသည်ဟု လွှတ်တော်ကိုယ်စားလှယ်က အကြောင်းကြားစာတွင် ထောက်ပြထားသည်။

ရွှေစက်တော်ဘုရားပွဲကို ဇန်နဝါရီလ(၂၉) ရက်နေ့မှ ဧပြီလ(၁၇)ရက်နေ့အထိ ရက်ပေါင်း (၈၀) ကြာ ကျင်းပမည်ဖြစ်ပြီး ဘုရားပွဲတော်အတွင်း ကျန်းမာရေးဌာနများလည်း ရှိနေကာ ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှစ၍ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များလည်း ရောက်ရှိနေသည်ဟု သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ခင်မောင်စိုး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~