မြန်မာ - လာအို နယ်စပ်ကုန်သွယ်ရေးအခြေအနေကို စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေး

ဇန်နဝါရီ 26, 2020
By Tachileik News Agency

မြန်မာ - လာအို နယ်စပ်ကုန်သွယ်ရေးအခြေအနေကို စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ဒေသတာဝန်ရှိသူများနှင့်အတူ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၌ ဒုတိယမြောက်နေ့အဖြစ် ဒေသတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအခြေအနေကို စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအို ချစ်ကြည်ရေးတံတား၊ တာချီလိတ်မြို့ရှိ မယ်ယန်းကုန်သွယ်ရေးစခန်းနှင့် ထိုင်းနိုင်ငံသို့ သစ်အချောထည်တင်ပို့နေသည့် တင်မြင့်ရီသစ်စက်တို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ဆေးမှုများအတွင်း ကုန်သည်များက ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြကြသည်ကို ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်ကိုတွေ့ရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~