ကုန်ပစ္စည်းအညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် မဖော်ပြပါက ကျပ်သိန်း(၂၀၀)အထိ ဒဏ်ကြေးသတ်မှတ်နိုင်သည့် ဉပဒေသစ်ဖြင့် မတ်လ (၁၆)ရက်နေ့မှစ၍ အရေးယူတော့မည်

ကုန်ပစ္စည်းအညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် မဖော်ပြပါက ကျပ်သိန်း(၂၀၀)အထိ ဒဏ်ကြေးသတ်မှတ်နိုင်သည့် ဉပဒေသစ်ဖြင့် မတ်လ (၁၆)ရက်နေ့မှစ၍ အရေးယူတော့မည်
မတ် 12, 2020
By Tachileik News Agency
ကုန်ပစ္စည်းအညွှန်း အမှတ်အသားများကို မြန်မာဘာသာဖြင့် မဖော်ပြပါက ကျပ်သိန်း(၂၀၀)အထိ ဒဏ်ကြေးသတ်မှတ်နိုင်သည့် ဉပဒေသစ်ဖြင့် မတ်လ (၁၆)ရက်နေ့မှစ၍ အရေးယူတော့မည် 

ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖေါ်ပြထားခြင်း မရှိသည့် ကုန်ပစ္စည်းများ ရောင်းချခြင်းကို ကျပ်သိန်း (၂၀၀) ထက်မပိုသော ငွေဒဏ်၊ (၂) နှစ်ထက် မပိုသော ထောင်ဒဏ်များချမှတ်နိုင်မည့် စားသုံးသူရေးရာ ဥပဒေသစ်ဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ တစ်ပြည်လုံးတွင် စိစစ်တော့မည်ဖြစ်ကြောင်း သိရသည်။

 ကုန်ပစ္စည်းတွေမှာ ကုန်ညွှန်းအမှတ်အသားကို မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာလိုဖော်ပြမထားရင် ဥပမာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေ သုံးစွဲခြင်းမပြုရ ဆိုတာမျိုးကို မြန်မာလိုမပါတော့ မသိရလို့သုံးစွဲမိတာ တွေရှိမယ်။ အေးတဲ့နေရာမှာ ထားသိုရမယ်ဆိုတာကို မသိတာနဲ့ ပူတဲ့နေရာမှာ ထားမိမယ်။ ဒီတော့ မဖြစ် သင့်တဲ့ ဘေးဥပါဒ်နဲ့ ကြုံတွေ့ရတာမျိုးတွေ ရှိတယ်။ ဒါ့ကြောင့် နိုင်ငံတကာနဲ့အညီ ဒီဥပဒေကို ထုတ်ပြန်ရတာပါ

ဟု စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးရဲထွန်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြခြင်းမရှိသည်ကိုတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်းကို စားသုံးသူကာကွယ်ရေးဦးစီးဌာနက ဒေသအသီးသီးတွင် အသိပညာပေးခြင်းနှင့် ကုန်ပစ္စည်း ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ချိ၊ ရောင်းချသူများအတွက် ပြင်ဆင်ချိန်ကာလ (၁)နှစ်ပြည့်သည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့မှစ၍ အရေးယူခြင်း စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

 ထုတ်ကုန်မှာ မြန်မာလိုရော အင်္ဂလိပ်လိုရောတွဲပြီး ထုတ်လုပ်မယ်ဆိုရင် အင်္ဂလိပ်စာက ကမ္ဘာသုံးဖြစ်လို့ နိုင်ငံခြားပဲပို့ပို့၊ ပြည်တွင်းပဲရောင်းရောင်း လုပ်ငန်းရှင်အတွက် အဆင်ပြေမယ်။ ဘယ်လိုထုတ်ကုန်အမျိုး အစားဖြစ်တယ်၊ ဘယ်လိုသုံးစွဲရမယ်၊ ဘယ်လိုထားသိုရမယ်၊ ဘယ်သူတွေအတွက်တော့ သုံးစွဲဖို့ မသင့် လျော်ဘူး၊ သင့်လျော်တယ် ဆိုတာတွေသိရမှာဖြစ်လို့ သုံးစွဲသူတွေအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်

ဟု မကွေးတိုင်းဆီစက် ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းထွန်းက ပြောသည်။

စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်ကို ဖောက်ဖျက်ပါက (၂) နှစ်ထက်မပိုသော ထောင်ဒဏ်၊ ကျပ်သိန်း(၂၀၀)ထက်မပိုသော ငွေဒဏ်များကို ချမှတ်နိုင်မည်ဖြစ်သည်။

မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြုလုပ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~