ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကယားပြည်နယ်ရှိ အထင်ကရ နေရာ(၁၀)ခုအား ဧပြီလကုန်ထိ ပိတ်ထားမည်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကယားပြည်နယ်ရှိ အထင်ကရ နေရာ(၁၀)ခုအား ဧပြီလကုန်ထိ ပိတ်ထားမည်
မတ် 31, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကယားပြည်နယ်ရှိ အထင်ကရ နေရာ(၁၀)ခုအား ဧပြီလကုန်ထိ ပိတ်ထားမည်

ကယားပြည်နယ်တွင်းရှိ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှုများပြားသည့်  အထင်ကရနေရာ (၁၀)ခုအား ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့မှစ၍ ဧပြီလကုန်ထိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ထွက်သွားလာမှုများပြားပြီး လူစူလူဝေးများပြားလေ့ရှိသည့် ကယားပြည်နယ်တွင်းရှိ အထင်ရနေရာ(၁၀)ခုအား ဧပြီလကုန်ထိ ပိတ်သိမ်းထားမည် ဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့ကကယားပြည်နယ် အစိုးရမှ ထုတ်ပြန်ထားသည်။

ကယားပြည်နယ်တွင်း ပြည်တွင်းပြည်ပ ခရီးသွားအများအပြားလာရောက်လေ့ရှိသည့် လွိုင်ကော်မြို့နယ်တွင်းမှ ထီးစဲခါးရေတံခွန် ၊ကြတ်ဂူ ၊ ဒီးမော့ဆိုမြို့နယ်တွင်းမှ  ငွေတောင်ဆည် ၊ ထီးပွင့်ကန် ၊ကန်ခုနှစ်ဆင့် ၊ ပန်ပက်ကျေးရွာ ၊တနီးလာလဲကျေးရွာ ၊ ကွိုင်ငံရေထွက်ပေါက် နှင့် ဖရူဆိုမြို့နယ်တွင်းမှ ထီပရူနူဂူ ၊ ဆင်ဖြူတောင် တို့အား ဧပြီလ (၃၀)ရက်နေ့ထိ သွားရောက်ခွင့်မပြုဘဲ ယာယီပိတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ နေရာများအား ပိတ်ထားရန် ကယားပြည်နယ်အစိုးရမှ မတ်လ (၃၀)ရက်နေ့တွင်ကြေညာခဲ့သော်လည်း အချို့နေရာများတွင် မတ်လ (၂၈) ရက်နေ့မှ စ၍ ဒေသခံများမှ ခရီးသွားများအား ဝင်ရောက်ခွင့်မပြုတော့ဘဲ ကြိုတင်ပိတ်ထားကြောင်း ထီးစဲခါးရေတံခွန်မှ ဈေးသည်တစ်ဦးကပြောသည်။

" အစိုးရကတော့ ဒီနေ့(မတ်လ၃၀) ညနေမှ စာထုတ်လိုက်တာပေါ့ ။ ဒီမှာကတော့ မနေ့ကတည်းက ပိတ်လိုက်ပြီ။ ဆိုင်တွေလည်း မရောင်းတော့ဘူး ။ ရေတံခွန်ကိုလည်း ဒီကဒေသခံတွေက အပြင်လူတွေပေးမဝင်တော့ဘူး ။ မနေ့ကတည်းက ပိတ်ထားတယ်"ဟု  ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အားကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေး များပြားသည့် နေရာများအား သွားလာခြင်းမပြုဘဲ ပိတ်သိမ်းခြင်းဖြစ်ပြီး တိကျစွာလိုက်နာကြရန် ပြည်နယ်အစိုးမှ တိုက်တွန်းထားသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~