အသက်မပြည့်သေးသည့် မိန်းကလေးအား ဖျားယောင်း သွေးဆောင်မှုဖြင့် ကျောင်းဆရာကို အမှုဖွင့်

အသက်မပြည့်သေးသည့် မိန်းကလေးအား ဖျားယောင်း သွေးဆောင်မှုဖြင့် ကျောင်းဆရာကို အမှုဖွင့်
မတ် 14, 2020
By Tachileik News Agency

ကျောက်မဲတွင် အသက်မပြည့်သေးသည့် မိန်းကလေးအား ဖျားယောင်းသွေးဆောင်မှုဖြင့် ကျောင်းဆရာကို အမှုဖွင့်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အသက်မပြည့်သေးသည့် မိန်းကလေးကို ဖျားယောင်း သွေးဆောင်မှုဖြင့် အသက် (၃၆) နှစ်အရွယ် ပညာရေးဝန်ထမ်းအမျိုးသားအား ကျောက်မဲမြို့မရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက် (၁၅)နှစ်အရွယ် သတ္တမတန်းကျောင်းသူက မတ်လ (၁၂)ရက်နေ့ ညနေပိုင်းတွင် ဖုန်းအတွင်း သီချင်းသွားထည့်မည်ဟု မိခင်ထံခွင့်တောင်းကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ညပြန် မလာသဖြင့် မိသားစုက လိုက်လံ စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သမီးဖြစ်သူမှာ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ မိုးဆန်းဦး၏ အခန်း၌ ရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် မိခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ္တမတန်းကျောင်းသူက မိုးဆန်းဦးနှင့်အတူ လည်ပတ်ပြီးနောက် မိုးဆန်းဦး၏ အခန်းသို့ လိုက်အိပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသဖြင့် မိဘအုပ်ထိန်းမှုမှ မကင်းလွတ်သေးသည့် မိန်းကလေးအား သွေးဆောင် ဖျားယောင်း သားမယားပြုကျင့်မှုဖြင့် အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလယ်တန်းပြ ကျောင်းဆရာဖြစ်သူ မိုးဆန်းဦးကို ကျောက်မဲမြို့မရဲစခန်းတွင် ( ပ ) ၂၉/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~