လားရှိုးမြို့မဈေး မီးဘေးစိုးရိမ်သဖြင့် ဈေးအတွင်းပစ္စည်းမထားတော့ဘဲ ရွှေ့ပြောင်းနေ

လားရှိုးမြို့မဈေး မီးဘေးစိုးရိမ်သဖြင့် ဈေးအတွင်းပစ္စည်းမထားတော့ဘဲ ရွှေ့ပြောင်းနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့မဈေးကြီးရှိ ဈေးဆိုင်ခန်းပိုင်ရှင်များက မီးဘေးစိုးရိမ်သဖြင့် ဆိုင်ခန်းမှ ပစ္စည်းများ  ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့မှစ၍ ဈေးအတွင်း မထားတော့ဘဲ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုမြို့မဈေးကြီးအပါအဝင် ဈေးအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မြို့မဈေးများတွင် မီးဘေးစိုးရိမ်မှုဖြစ်ပွားလာပြီး ဈေးအတွင်းပစ္စည်းများ မထားတော့ဘဲ ရွှေ့ပြောင်းခြင်းများကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။

 တစ်ခြားမြို့တွေမှာလည်း ဈေးတွေမီးရှို့ခံရတာတွေ ကြားသိနေရတာဆိုတော့ ဈေးထဲက ပစ္စည်းတွေကို ရွှေ့နေကြပြီ

ဟု လားရှိုး ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အလားတူ မြို့မဈေးအနီး နေထိုင်ကြသူများကလည်း မီးဘေးနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ပစ္စည်းများ နေရာရွှေ့ပြောင်းခြင်းကို လုပ်ဆောင်လာကြကြောင်း သိရသည်။



ကျောက်မဲမြို့တွင်လည်း မြို့မဈေးဆိုင်ခန်းများတွင် ပစ္စည်းများမထားဘဲ ရွှေ့ပြောင်းထားကြကြောင်း သိရသည်။



Photo: သိသိ