ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်မှုမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအထိ နိုင်ငံပေါင်း (၂၅)အထိ ပျံ့နှံ့နေပြီး ကူးစက်ခံရသူ (၁၁,၉၄၆)ဦး ရှိလာ

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်မှုမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအထိ နိုင်ငံပေါင်း (၂၅)အထိ ပျံ့နှံ့နေပြီး ကူးစက်ခံရသူ (၁၁,၉၄၆)ဦး ရှိလာ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်မှုမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအထိ  နိုင်ငံပေါင်း (၂၅)အထိ ပျံ့နှံ့နေပြီး ကူးစက်ခံရသူ (၁၁,၉၄၆)ဦး ရှိလာ


ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည် 2020ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့အထိ နိုင်ငံပေါင်း (၂၅)အထိ ပျံ့နှံ့ကူးစက်နေပြီး ကူးစက်ခံရသူ အတည်ပြုလူနာမှာ (၁၁,၉၄၆)ဦး ရှိကြောင်း သိရသည်။

ကော်ရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရသည့် လူဦးရေ (၁၁,၇၉၁)ဦးမှာ တရုတ်နိုင်ငံ ပြည်မကြီးထဲက ဖြစ်နေပြီး သေဆုံးသူ (၂၅၉)ဦးမှာလည်း ပြည်မကြီးထဲက ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းအထိ တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ရှိနေရာမှ ဇန်နဝါရီ(၃၁)ရက်နေ့ နေ့လည်ပိုင်းမှ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအထိ ကူးစက်ခံရသည့် နိုင်ငံ(၅)နိုင်ငံ တိုးပွားလာရာတွင် စပိန်၊ ဆွီဒင်၊ ရုရှား၊ အီတလီ နှင့် အင်္ဂလန်အထိပါ ထပ်တိုးလာခြင်း ဖြစ်သည်။

ဇန်နဝါရီလ(၃၁)ရက်နေ့က  မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် ဝူဟန်မြို့သား တစ်ဦးမှာ လက်ရှိတွင် သံသယလူနာအဆင့်သာရှိသေးသည့်အတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

Tachileik News Agency
Source: SCMP , Gisanddata, CNA

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~