ဒွန်မောင်းခရိုင်မှ မူလတန်းကျောင်းသားတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရသဖြင့် ကျောင်းပိတ်လိုက်ပြီး လူပေါင်း ၁၀၀ နီးပါးကို သီးခြားစောင့်ကြည့်မှုလုပ်ဆောင်နေ

ဒွန်မောင်းခရိုင်မှ မူလတန်းကျောင်းသားတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရသဖြင့် ကျောင်းပိတ်လိုက်ပြီး လူပေါင်း ၁၀၀ နီးပါးကို သီးခြားစောင့်ကြည့်မှုလုပ်ဆောင်နေ
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ ဒွန်မောင်းခရိုင်မှ မူလတန်းကျောင်းသားတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရသဖြင့် ကျောင်းပိတ်လိုက်ပြီး လူပေါင်း (၁၀၀)နီးပါးကို သီးခြားစောင့်ကြည့်မှု လုပ်ဆောင်နေ

ထိုင်းနိုင်ငံ၊ ဒွန်မောင်းခရိုင်တွင် ကျောင်းသူကျောင်းသား (၂၅၀၀) တက်ရောက်နေသည့် စာသင်ကျောင်းတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19 ) ကူးစက်ခံထားရသော ကျောင်းသားတစ်ဦးကို တွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့မှစ၍ (၁၄) ရက်ကြာ ကျောင်းပိတ်ထားကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းမှ အသက် (၈)နှစ်အရွယ် ကျောင်းသားနှင့် အတူနေသည့် အဖိုး၊အဖွား (၂)ဦးမှာ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံ ပြန်ရောက်ချိန်တွင် ဖျားနာသဖြင့် စစ်ဆေးရာမှ အဖိုး၊အဖွားနှစ်ဦးအပြင် အတူနေ မြေးဖြစ်သူတွင်ပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသား၏ အဖိုးနှင့်အဖွားသည် ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးသို့ (၅)ရက်ကြာ ခရီးစဉ်တွင် အဖွဲ့နှင့်အတူ လိုက်ပါလည်ပတ်ခဲ့ကြပြီး ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့က ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စာမေးပွဲဖြေဆိုရန် ကျောင်းပိတ်ရက်ပေးထားသည့်ကာလဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ တွေ့ရသဖြင့် မတ်လ (၉)ရက်နေ့အထိ ထပ်တိုးပိတ်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာများနှင့် အနီးကပ်ရှိခဲ့သူ လူဦးရေ (၁၀၀)ဝန်းကျင်ကို သီးခြားစောင့်ကြည့်အောက်တွင် ထားရှိကာ လူစုလူဝေးတွင် သွားရောက်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၄၀) ဦးရှိနေကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post
Photo: TheReporters

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~