တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သားအိမ်ခေါင်းကင်ဆာကုသရေးစက်နှင့် လူ (၃၀၀၀) စာ ဆေးပစ္စည်းများ လှူဒါန်း

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သားအိမ်ခေါင်းကင်ဆာကုသရေးစက်နှင့် လူ (၃၀၀၀) စာ ဆေးပစ္စည်းများ လှူဒါန်း
ဖေဖော်ဝါရီ 3, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သားအိမ်ခေါင်းကင်ဆာကုသရေးစက်နှင့် လူ (၃၀၀၀) စာ ဆေးပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(အရှေပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့  သားအိမ်ခေါင်းကင်ဆာကုသရေးစက်နှင့် လူ (၃၀၀၀)စာအတွက် သားအိမ်ခေါင်းကင်ဆာရှာဖွေရေးဆေးပစ္စည်းများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေပိုင်းက လှူဒါန်းသည်။

"စက်နဲ့ ဆေးပစ္စည်းတွေ လှူတာပေါ့။ သားအိမ်ခေါင်းတို့တဲ့ ဆေးရည် (၃) ပုလင်းပါတယ်။ ဘဲနှုတ်သီးက အခု (၃၀၀၀)၊ အယောက် (၃၀၀၀) စစ်ဆေးလို့ ရတာပေါ့။ အခုရက်ပိုင်းက လူစုလူဝေးတို့ လူထူထပ်တာတို့ သိပ်လုပ်လို့ မကောင်းဘူး။ တုပ်ကွေးရာသီလေးကျော်မှ လုပ်ဖို့ရှိတယ်။ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်မှာပေါ့"

ဟု တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်နှင့် ဆေးပစ္စည်းများကို ဦးကတ်စိန် မိသားစု၊ စံလင်းဖြိူးကုမ္ပဏီ မှ ဦးအားတီ+ဒေါ်ခင်ခင်ထွေး မိသားစု၊ ဦးတာဝါ + ဒေါ်နန်းနွဲ့ မိသားစု၊ ဦးအားမင်(ပါခုတ်) မိသားစု၊ ဦးအားရင် မိသားစု နှင့် ဦးတာဝေ မိသားစုတို့က ပူးပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာကုသရေးစက်နှင့် ဆေးပစ္စည်းလှူဒါန်းပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~