ပထမဆုံးအကြိမ် မကွေးတိုင်းဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားဖိတ်ခေါ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း ဖလား ကုန်းနှီးလွတ် မြင်းဒုန်းစီးပြိုင်ပွဲတို့ ကျင်းပ

ပထမဆုံးအကြိမ် မကွေးတိုင်းဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားဖိတ်ခေါ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း ဖလား ကုန်းနှီးလွတ် မြင်းဒုန်းစီးပြိုင်ပွဲတို့ ကျင်းပ
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency

ပထမဆုံးအကြိမ် မကွေးတိုင်းဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားဖိတ်ခေါ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း ဖလား ကုန်းနှီးလွတ် မြင်းဒုန်းစီးပြိုင်ပွဲတို့ ကျင်းပ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာ နိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့် ပြည်သူလူထု၏ ပူးပေါင်းအင် အားဖြင့် မကွေးမြို့၌ ပထမဆုံးအကြိမ်ကျင်းပမည့်  (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းဖလား ကုန်းနှီးလွတ်မြင်း ဒုန်းစီးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းအစိုးရအဖွဲ့က ချပေးတဲ့ငွေနဲ့ အဖွဲ့ချုပ်က ထောက်ပံ့တဲ့ငွေအပြင် ပြည်သူလှူဒါန်းငွေ မျှော်မှန်းထား တာထက် အတန်အသင့် ပိုရရှိတာကြောင့် ပြည်ထောင်စုနေ့ရဲ့ နောက်တစ်နေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တာကြောင့် ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့  မူလက ကျင်းပဖို့လျာထားတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားအပြင် ဗိုလ်ချုပ်အောင်ဆန်းဖလား ဆိုပြီး ပွဲစဉ်တစ်ခု ထပ်တိုးကျင်းပသွားမှာဖြစ်ပါတယ်” ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ တိုင်းဥပဒေချုပ် ဦးဆန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ဒုန်းစီးပြိုင်ပွဲ အကြီးတန်း၊ အလတ် တန်နှင့်  အငယ်တန်းဟူ၍ (၃)တန်းနှင့် အသားကျအစီးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားတစ်တန်းတည်းသာ ထားရှိမည်ဖြစ်သည်။

ဒုန်းစီး ကြီး/လတ်/ငယ် ပြိုင်ပွဲများနှင့် အသားကျစီးပြိုင်ပွဲအတွက် ပထမ ဆု ကျပ် (၇)သိန်း၊ ဒုတိယဆု ကျပ် (၅)သိန်း၊ တတိယဆု ကျပ် (၃)သိန်း၊ ဗိုလ်ချုပ်အောင်ဆန်းဖလား ကုန်းနှီးမဲ့ဒုန်းစီး အကြီးတန်းနှင့် အငယ်တန်းပြိုင်ပွဲများအတွက် ပထမဆု ကျပ် (၅)သိန်း၊ ဒုတိယဆု ကျပ် (၃) သိန်း၊ တတိယဆု ကျပ် (၂) သိန်း အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မူလက မြင်းအကောင်ရေ သုံးလေးဆယ်ခန့်သာ လာရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း နေပြည် တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း တွံတေးတို့မှပင် လာရောက်ကြ သဖြင့် မြင်းအကောင်ရေ (၆၀) ခန့်အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အလှပြမြင်း၊ အလိမ္မာပြမြင်း၊ မြင်းရေးပြ မြင်းများလည်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊ မကွေးတိုင်း မြင်းစီးအသင်းနှင့် ပြည်သူလူထု၏ ပူပေါင်းအင်အားဖြင့် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းဖလားနှင့် မကွေးတိုင်းဝန်ကြီးချုပ် ဖလား မြင်းစီးအားကစားပြိုင်ပွဲ ကို မကွေး FC အားကစားကွင်း၌ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် တိုင်းဒေ သကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူတို့က မြင်းစီးကွင်းအား အခမ်းအနားဖြင့် ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲများအား ဖေဖော်ဝါရီ(၁၀)ရက်မှ ဖေဖော်ဝါရီ(၁၂)ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~