ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ပျံ့နှံ့သွားပြီး အတည်ပြုလူနာ (၃၁,၄၇၂)ဦးရှိလာ

ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ပျံ့နှံ့သွားပြီး အတည်ပြုလူနာ (၃၁,၄၇၂)ဦးရှိလာ
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ပျံ့နှံ့သွားပြီး အတည်ပြုလူနာ (၃၁,၄၇၂)ဦးရှိလာ

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်(၁၀)နာရီ အချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူ (၆၃၈)ဦးအထိရှိလာရာ ဖေဖော်ဝါရီလ (၆)ရက်နေ့မှ (၇)ရက်နေ့အထိ တစ်ရက်အတွင်း (၇၃)ဦး တိုးလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ ကူးစက်ပျံ့နှံ့နေပြီး အတည်ပြုလူနာမှာ (၃၁,၄၇၂)ဦးအထိ ရှိလာခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~