တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ငွေစက္ကူများကို ဘဏ်များက ပိုးသတ်သန့်စင်ပေးမည်

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ငွေစက္ကူများကို ဘဏ်များက ပိုးသတ်သန့်စင်ပေးမည်
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ငွေစက္ကူများကို ဘဏ်များက 
ပိုးသတ်သန့်စင်ပေးမည်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု ထိန်းချုပ်ရန်ကြိုးစားနေသည့် တရုတ်နိုင်ငံတွင် လည်ပတ်သုံးစွဲနေသည့် ငွေစက္ကူများမှတဆင့် ဗိုင်းရပ်စ်ကူးစက်ခြင်း လျှော့ချနိုင်ရန် ငွေစက္ကူများအား ဗဟိုဘဏ်က ပိုးသတ်သန့်စင်ပြီး ပြန်လည် ဖြန့်ဝေပေးခြင်းကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်ခြင်းကို ထိန်းချုပ်ရန်အတွက် လူထုကြား လည်ပတ်သုံးစွဲနေသည့် ငွေစက္ကူများကို လဲလှယ်ကာ ပိုးသတ်ခြင်းနှင့် လိုအပ်ပါက ဖျက်ဆီးပစ်ခြင်းများကို လုပ်ဆောင်မည်ဟု တရုတ်ဗဟိုဘဏ်က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့တွင် အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် အဓိက ဖြစ်ပွားရာနေရာများတွင် လူအများအသုံးပြုနေသည့် ဓါတ်လှေကား ခလုတ်၊ လှေကားလက်ရန်း စသဖြင့် ထိတွေ့ကိုင်တွယ်မှုများသည့်နေရာများမှ ဗိုင်းရပ်စ်ကူးစက်နိုင်ချေများသည်ကို သတိထားမိကြသော်လည်း လူအများ ကိုင်တွယ်သုံးစွဲနေသည့် ငွေစက္ကူများမှလည်း ကူးစက်နိုင်ချေများသဖြင့် ယင်းကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံတွင်း ဘဏ်များအားလုံးတွင် ငွေစက္ကူများကို အပူချိန်မြင့် ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်ခန်း၌ (၇)ရက်မှ (၁၄)ရက်အထိ ထားရှိပြီးမှ လူထုအတွင်း ပြန်လည်ဖြန့်ဝေမည်ဟု သိရသည်။

လက်ရှိအချိန်ထိ နိုင်ငံပေါင်း (၂၅)နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း (၇၁,၈၁၁)ဦး ရှိနေသည့်အနက် သေဆုံးရသည့် အရေအတွက်မှာ (၁၇၇၅)ဦးရှိရာ  အများစုမှာ တရုတ်ပြည်မကြီးမှဖြစ်သည်။

Tachileik News Agency
Source: CNN

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~